MNL League Cup 2024  ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစား

 

MNL League Cup 2024  ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ဆက်လက် ယှဉ်ပြိုင်ကစား

 

ရန်ကုန် မတ် ၁၀

    မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပသည့် MNL League Cup 2024 ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် စတင်ပြီး     ရန်ကုန်မြို့၌  ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သိရသည်။

MNL League Cup 2024 ပြိုင်ပွဲကို မြန်မာနေရှင်နယ်လိဂ်မှ ကလပ်အသင်းများ၊ မြန်မာနေရှင်နယ်လိဂ်-၂ မှ ကလပ်အသင်းများနှင့် အပျော်တမ်းလိဂ်မှ ခြေစစ်ပွဲအောင်မြင် သည့်အသင်းများဖြင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများ မစတင်မီ ကျင်းပခြင်းဖြစ်သည်။

MNL League Cup 2024  ပြိုင်ပွဲ အုပ်စု (C) ပွဲစဉ်များအဖြစ် ညနေ ၃ နာရီ ၄၅  မိနစ်က   ပဒုမ္မာအားကစားကွင်း၌ ဒဂုံစတားအသင်းနှင့် ဧရာဝတီ ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဒဂုံစတား အသင်းက ၃ ဂိုး ၂ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး ဒဂုံစတားအသင်းအတွက် သွင်းဂိုးများကို စွမ်းထက်၊ ပီတာအောင်ဝေထူးနှင့် ညီညီတို့ကသွင်းပေးခဲ့ပြီး ဧရာဝတီယူနိုက်တက်အသင်းအတွက် သွင်းဂိုးများကို နန်းထိုက်ဇော်နှင့်   ရန်ပိုင်စိုးတို့က လည်းကောင်း၊ ညနေ ၄ နာရီတွင် YUSC အားကစားကွင်း၌  ဆေးဗားစတား အသင်းနှင့် Dagon Port  အသင်းတို့ပွဲစဉ်တွင် Dagon Port အသင်းက ၄ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး Dagon Port  အသင်းအတွက်  သွင်းဂိုးများကို  အောင်ကျော်သူ၊   တီငြိမ်မင်း၊ မျိုးဆက်ပိုင်နှင့် ကောင်းမြတ်ကျော်တို့က သွင်းယူပေးခဲ့သည်။

အလားတူ အုပ်စု(ီ)ပွဲစဉ်များအဖြစ် ညနေ ၄ နာရီတွင် တက္ကသိုလ် အားကစားကွင်း၌ မြဝတီအက်ဖ်စီအသင်းနှင့် ရတနာပုံအက်ဖ်စီ အသင်းတို့ပွဲစဉ်တွင် ရတနာပုံအက်ဖ်စီ အသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး    ရတနာပုံအက်ဖ်စီ အသင်းအတွက် သွင်းဂိုးများကို စိုးမင်းဦးနှင့် ခင်ကျော်ဝင်းတို့က လည်းကောင်း၊ ညနေ ၄ နာရီတွင်သုဝဏ္ဏ အားကစားကွင်း၌  ရက္ခပူရယူနိုက်တက် အသင်းနှင့် သစ္စာအားမာန်အသင်းတို့ ပွဲစဉ်တွင် သစ္စာအားမာန်အသင်းက ၂ ဂိုး ၁ ဂိုးဖြင့်အနိုင်ရရှိခဲ့ပြီး သစ္စာအားမာန် အသင်းအတွက် သွင်းဂိုးများ ကို အောင်ထွန်းထွန်းနှင့် ရှိုင်းဝဏ္ဏအောင်တို့က သွင်းယူပေးခဲ့ပြီး ရက္ခပူရအသင်းအတွက် သွင်းဂိုးကို ကွန်ဒီက သွင်းယူပေးခဲ့ကြောင်း သိရသည်။