၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲစနစ်သစ် ပထမနေ့တွင် မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၈၀၁ ဦးရှိ

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲစနစ်သစ် ပထမနေ့တွင် မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၈၀၁ ဦးရှိ

 

နေပြည်တော် မတ် ၁၁

    ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စနစ်သစ် ပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် စတင်ကျင်းပရာ နိုင်ငံခြား စာစစ်ဌာနအပါအဝင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၈၀၁ ဦး ရှိကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၁၁ ခုနှင့် ပြည်တွင်းစာစစ်ဌာန ၈၃၀ စာစစ်ဌာန စုစုပေါင်း ၈၄၁ ခုဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန်  စာရင်းပေးသွင်းသူ ဦးရေစုစုပေါင်း ၁၄၆၅၂၃ ရှိပြီး စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၂၈၈၀၁ ဦး၊ ပျက်ကွက် ၁၇၇၂၂ ဦးရှိကာ ဖြေဆိုသူ ၈၇ ဒသမ ၉၀ ရာခိုင်နှုန်းရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။