LA800 ခရီးသည်တင်လေယာဉ်တွင် နည်းပညာ ချွတ်ယွင်းပြီး လေယာဉ်ပြင်းထန်စွာ လှုပ်ယမ်းမှုကြောင့် လူ ၅၀ ဒဏ်ရာရရှိ

 

LA800 ခရီးသည်တင်လေယာဉ်တွင် နည်းပညာ ချွတ်ယွင်းပြီး လေယာဉ်ပြင်းထန်စွာ လှုပ်ယမ်းမှုကြောင့် လူ ၅၀ ဒဏ်ရာရရှိ

 

    သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှ နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့သို့ မောင်းနှင် ပျံသန်းလာသော LATAM  လေကြောင်း လိုင်းပိုင် ခရီးသည်တင် လေယာဉ်တစ်စင်းတွင် မတ်လ ၁၁ ရက်က နည်းပညာချွတ်ယွင်း ပြီး လေယာဉ်ပြင်းပြင်းထန်ထန် လှုပ်ယမ်းသွားခဲ့ရာ လူ ၅၀ ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ဆစ်ဒနီမြို့မှ အုတ်ကလန်မြို့သို့မောင်းနှင် ပျံသန်းလာသည့် LA800 ခရီးသည်တင် လေယာဉ်သည် နည်းပညာချွတ်ယွင်းမှု ဖြစ်ပွားပြီး   ပြင်းထန်စွာ လှုပ်ယမ်းခဲ့ခြင်းကြောင့်  ထိုင်ခုံခါးပတ်များ တပ်ဆင်ထားခြင်းမရှိသော ခရီးသည်များနှင့် လေယာဉ်အမှုထမ်း သုံးဦးမှာ  လွင့်ထွက်သွားခြင်းဖြစ်ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်သည့်ကြေညာချက်တွင်  ဖော်ပြထားသည်။

အဆိုပါဖြစ်ရပ်   ဖြစ်ပွားပြီးနောက် တာဝန်ရှိသူများက ခရီးသည် ခုနစ်ဦးနှင့် လေယာဉ်အမှုထမ်း သုံးဦးကို ဆေးစစ်မှုခံယူရန်အတွက် မစ်ဒယ်မောဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်းနှင့် ဒဏ်ရာပြင်းထန်မှု မရှိကြောင်း ထုတ်ပြန်ချက်တွင်  ဆက်လက် ဖော်ပြထားသည်။

ပြင်းထန်စွာလှုပ်ယမ်းမှုဖြစ်ပွားသည့်  LA800    ခရီးသည်တင်လေယာဉ်သည် အုတ်ကလန်  အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်ပြီးနောက် တာဝန်ရှိသူများက စိုးရိမ်ရသည့်အခြေအနေရှိ သော ခရီးသည်တစ်ဦး အပါအဝင် လူ  ၁၂  ဦးကို မစ်ဒယ်မောဆေးရုံသို့   ပို့ဆောင်ပေးခဲ့ရကြောင်း St John  လူနာတင်ယာဉ် အဖွဲ့က ပြောကြားခဲ့ကြောင်း  အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။