တန်ဇန်းနီးယား အရှေ့ပိုင်းတွင် ဘတ်စကားတစ်စီးနှင့် ကုန်တင်ကားတစ်စီး ခေါင်းချင်းဆိုင်တိုက် အနည်းဆုံး လူကိုးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

 

တန်ဇန်းနီးယား အရှေ့ပိုင်းတွင် ဘတ်စကားတစ်စီးနှင့် ကုန်တင်ကားတစ်စီး ခေါင်းချင်းဆိုင်တိုက် အနည်းဆုံး လူကိုးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ

 

     တန်ဇန်းနီးယားနိုင်ငံ အရှေ့ပိုင်းတွင် ဘတ်စကားတစ်စီးနှင့် ကုန်တင်ကားတစ်စီး ခေါင်းချင်းဆိုင် တိုက်မိခဲ့ရာ အနည်းဆုံးလူကိုးဦး သေဆုံးပြီး သုံးဦးဒဏ်ရာ ရရှိသွားကြောင်း အာဏာပိုင်အဖွဲ့က မတ်လ  ၁၁ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါမတော်တဆမှုသည် ဒါရက်စလမ်နှင့် ဘာဂါမိုယိုသို့ ဆက်သွယ်ထားသည့် အဝေးပြေး လမ်းမကြီးပေါ်ရှိ ကီရိုမိုကျေးရွာ ၌ မတ်လ  ၁၀ ရက်တွင် ကုန်တင်ကားယာဉ် မောင်းက အခြားမော်တော်ယာဉ် နှစ်စီးအား ကျော်တက်ရန် ကြိုးပမ်းရာမှ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကမ်းရိုးတန်းဒေသ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးဖြစ်သူ    အဘူဘာကာကူနငဲက ပြောသည်။

အခင်းဖြစ်ပွားပြီးနောက်တွင် ကုန်တင်ယာဉ်မောင်းသည် ထွက်ပြေးသွားရာ ရဲတပ်ဖွဲ့က ၎င်းအား ဖမ်းဆီးနိုင်ရန် လိုက်လံရှာဖွေလျက် ရှိကြောင်း သိရသည်။