တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန် ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင်သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန် ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်   မတ်  ၁၁

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို  ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၈ ရက်တွင် နေပြည်တော်ကောင်စီ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဥတ္တရခရိုင်၊တပ်ကုန်းမြို့နယ်နှင့် ဥတ္တရသီရိမြို့နယ် တို့၌ တရားမဝင် ကျွန်းသစ် (သုည ဒသမ ၂၆၈)တန်၊ အခြားသစ် (၄၂ ဒသမ ၈၅၆) တန်၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၃၁၇၅၂)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင်  မတ်လ ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ထောက်ကြန့်မြို့နယ်၊ ဧကရာဇ်ရပ်ကွက်၊ ပုဗ္ဗာရုံဘုန်းကြီးကျောင်းအနီး၌ တရားမဝင် ကျွန်းသစ်(သုည ဒသမ ၈၉၉)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး     တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတံတား၊ မြစ်ငယ်စက်မှုဇုန် လမ်းကြောင်း၊ မြစ်ငယ်-ထုံးဘိုလမ်းခွဲ၌ မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်    တရုတ်နိုင်ငံထုတ် ကြက်သွန်ဖြူအိတ် ၂၅ ကီလိုဂရမ်ပါ (၁၂၈၀)အိတ်   (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၄၀၀၀၀၀၀)နှင့်    အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Chen Long Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ်   ၇၁၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၅၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိသည်။

ထို့ပြင် မတ်လ ၉ ရက်တွင် ရှမ်းပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တာချီလိတ်မြို့နယ်၊ ဝှေလေလန်ပူးပေါင်း စစ်ဆေးရေးဂိတ်အနီး လမ်းဘေးတစ်နေရာ၌ စုပုံထားသော Carabao အားဖြည့် အချိုရည် (၁၂၀၀၀)ဘူးအပါအဝင် ကုန်ပစ္စည်း(၃)မျိုး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို    ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး  တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ်လ ၉ ရက်တွင် ပြည်ခရိုင်အတွင်း၌ တရားမဝင် သစ်မာ(၁ ဒသမ ၂၇၄)တန် (ခန့်မှန်းတန်ဖိုးငွေကျပ်   ၃၁၈၅၀၀) ကို သစ်တောဥပဒေအရ လည်းကောင်း၊   ဘုရားကြီးမြို့၊ ရွှေသံလွင်တိုးဂိတ် အနီး၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း  အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Lipovitan-D အားဖြည့် အချိုရည်    (၉၅၀၀)ပုလင်း အပါအဝင် ကုန်ပစ္စည်း(၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၂၀၀၀၀)နှင့်     အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊     မတ်လ ၁၀ ရက်တွင် တောင်ငူခရိုင်အတွင်း၌     တရားမဝင် ကျွန်းသစ် (သုည ဒသမ ၅၄၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၈၉၀၈)ကို    သစ်တောဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၉၉၇၄၀၈) ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၁၀ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏     စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်၊ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်စက်သုံးဆီ ပရီမီယမ် ဒီဇယ်ဆီ (၂၄၀၀၀)ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၈၀၀၀၀၀၀)ကို   ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ     ဥပဒေအရလည်းကောင်း၊ ကလေးမြို့၊ သဇင်ရပ်ကွက်၊ မြို့ရှောင်လမ်းအနီး၌ လိုင်စင်မဲ့ Honda Fit မော်တော်ယာဉ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀)ကို  ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၄၅၀၀၀၀၀)ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ်လ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ်၅၂၂၁၂၉၁၆၀) ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး     ဦးဆောင် ကော်မတီမှ သိရသည်။