တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် သစ်မျိုးစုံ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၂

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ    မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ်လ ၇ ရက်တွင် မော်လမြိုင်-ဘားအံကားလမ်း၊ စက်မှုဇုန်အနီး၌ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်း မရှိသည့်ရော်ဘာနေလှန်းပြား ကီလိုဂရမ် (၈၀၀၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၉၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ မတ်လ ၁၁ ရက်တွင် သထုံမြို့နယ်၊ လေးတိုင်ကျေးရွာအနီး၌  တရားမဝင်အခြားသစ် (၁ ဒသမ ၂၀၆)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၄၂၀)ကို    သစ်တောဥပဒေအရလည်းကောင်း၊  စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၉၈၄၄၂၀)ကို ဖမ်းဆီး အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ်လ ၁၀ ရက်တွင် မန္တလေးမြို့အဝင်၊ ထုံးဘိုတိုးဂိတ်အနီး၌ ရန်ကုန်မြို့မှမန္တလေးမြို့သို့ မောင်းနှင်လာသည့်   မော်တော်ယာဉ်(၁)စီးပေါ်မှ Damage Care ခေါင်းလျှော်ရည်ဘူး(၄၅၀) အပါအဝင် ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၆၄၀၀၀)နှင့် အဆိုပါ ပစ္စည်းများ တင်ဆောင်လာသည့် King Long Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို လည်းကောင်း၊ မတ်လ ၁၁ ရက်တွင် မန္တလေးမြို့အဝင် တံခွန်တိုင်အဝိုင်းအနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စက်မှုကုန်ကြမ်းဘေထုပ် (၁၇၅၅)ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၇၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၅၀၀၀၀၀၀)ကို လည်းကောင်း၊ မိတ္ထီလာမြို့နယ်၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Diablo Beer ဘူး (၆၀၀၀) (ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၅၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်ထားသည့် Mitsubishi Canter (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၀၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၆၂၃၉၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ်လ ၁၁ ရက်တွင် တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် နတ္တလင်းခရိုင်တို့အတွင်း၌ တရားမဝင် ကျွန်းသစ် (၁ ဒသမ ၀၁၂)တန်၊ သစ်မာ (၅ ဒသမ ၉၂၀)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၂၈၄၅၂)ကို    သစ်တောဥပဒေအရ လည်းကောင်း၊   မတ်လ ၁၂ ရက်တွင် ဘုရားကြီးမြို့၊  ရွှေသံလွင်တိုးဂိတ်အနီး၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် Lipovitan-D အားဖြည့်အချိုရည်ပုလင်း (၈၇၅၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့့် Yutong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရ လည်းကောင်း၊ ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် (သုည ဒသမ ၇၆၂)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၁၄၆၀)ကို သစ်တောဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၈၇၉၉၁၂)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ မတ်လ ၇ ရက်၊ ၁၀ ရက်၊ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၂၁၀၃၃၃၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး  ဦးဆောင်ကော်မတီမှ သိရသည်။