ချန်ပီယံလိဂ်ပြိုင်ပွဲ (၁၆)သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

ချန်ပီယံလိဂ်ပြိုင်ပွဲ (၁၆)သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ် ပွဲကြိုသုံးသပ်ချက်

အက်သလက်တီကို Vs  အင်တာမီလန်

ကစားမည့်ရက်/အချိန်

(၁၄-၃-၂၀၂၄ နံနက် ၂း၃၀ နာရီ)

ပထမအကျော့ရလဒ်

          အင်တာမီလန်        ၁       -        ဝ       အက်သလက်တီကို

နောက်ဆုံးသုံးပွဲ အနိုင်၊ အရှုံးအခြေအနေ

အက်သလက်တီကို ဝေး(ရှုံး)       အိမ်(နိုင်)      ဝေး(ရှုံး)

အင်တာမီလန်        အိမ်(နိုင်)      အိမ်(နိုင်)      ဝေး(နိုင်)

နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပိုင်းအကျဘက် ကိုရောက်နေတဲ့     အက်သလက်တီကိုအသင်းက အိမ်ကွင်းဆိုပေမယ့်  ရုန်းကန်နေရပါတယ်။ အက် သလက်တီကိုအသင်းက  နောက်ဆုံးကစားတဲ့ငါးပွဲမှာ   ဘက်တစ်အသင်းတစ်သင်းတည်းကိုပဲ  အနိုင်ရရှိပြီး  တစ်ပွဲသရေရလဒ်နဲ့   သုံးပွဲရှုံးနိမ့်တဲ့အထိ ခြေစွမ်းပိုင်းက    အကျဘက်ကို ရောက်နေပါတယ်။

အက်သလက်တီကိုအသင်းက     အိမ်ကွင်းဆိုရင် အသင်းလိုက်   ကစားပုံကောင်းမွန်တယ်ဆိုပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာတော့ ခြေစွမ်းပိုင်းက တည်ငြိမ်မှုမရှိဘဲ ရုန်းကန်နေရပါတယ်။ အက်သလက်တီကို အသင်းတိုက်စစ်ပိုင်းမှာ အဓိကတိုက်စစ်ကစားသမား တစ်ဦးဖြစ်တဲ့ ဂရစ်ဇ်မန်းဒဏ်ရာရရှိနေတာက အက် သလက်တီကို အသင်းတိုက်စစ်ပိုင်းမှာ  လိုအပ်ချက် တွေရှိနေတာပါ။ အက်သလက်တီကိုအသင်းခံစစ်ပိုင်း ကလည်း နောက်ပိုင်းပွဲစဉ်တွေမှာ အမှားအယွင်းတွေများနေပြီး နောက်ဆုံးကစားတဲ့ငါးပွဲမှာ  ခြောက်ဂိုး ပေးခဲ့ရတဲ့အထိ ခြေစွမ်းကျဆင်းနေပါတယ်။ အက်သလက်တီကို အသင်းက အိမ်ကွင်းရှုံးပွဲမရှိသေးဘူး ဆိုပေမယ့်   လက်ရှိစွမ်းဆောင်ရည်ပိုင်းအရတော့ အင်တာမီလန်အသင်းကို ရင်ဆိုင်ဖို့ခက်ခဲမှာပါ။

ဒီဘောလုံးရာသီမှာ     အကောင်းဆုံးပုံစံပြသနေတဲ့  အင်တာမီလန်အသင်းက  သရေရလဒ်ဆိုရင် တောင် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်မှာဖြစ်လို့ အဝေးကွင်းဆိုပေမယ့် အမှားခံမှာမဟုတ်ပါဘူး။ အင်တာမီလန်အသင်းက ဒီနှစ်ထဲမှာကစားတဲ့ ပြိုင်ပွဲစုံ ၁၃ ပွဲဆက်အနိုင်ရရှိထားတဲ့အထိ ခြေစွမ်းပိုင်းက အကောင်းဆုံးပုံစံမှာရှိနေလို့ အခုပွဲစဉ်မှာလည်း အက်သလက်တီကိုအသင်းကို အကောင်းဆုံးတုံ့ပြန် ကစားနိုင်မှာပါ။ အင်တာမီလန် အသင်းခံစစ်ပိုင်းကလည်း နောက်ဆုံးကစားတဲ့ငါးပွဲမှာ  ရိုးမားအသင်းနဲ့ ပွဲစဉ်မှာသာ  နှစ်ဂိုးပေးခဲ့ရပြီး  ကျန်တဲ့လေးပွဲမှာ ဂိုးမပေးရအောင် စွမ်းဆောင်နိုင်တဲ့အထိ ခံစစ်ပိုင်းက ကျစ်လျစ်မှုရှိနေသလို အသင်းတိုက်စစ်ပိုင်းကလည်း ထက်မြက်မှုရှိနေလို့      အက်သလက်တီကိုအသင်း ခံစစ်ပိုင်းက ထိန်းချုပ်ရခက်ခဲမှာပါ။

ဒီနှစ်သင်းတွေ့ဆုံခဲ့တဲ့သုံးကြိမ်မှာတော့ သရေရလဒ် ဆိုတာမရှိသေးဘဲ အင်တာမီလန်အသင်းက နှစ်ကြိမ် အနိုင်ရရှိထားပြီး အက်သလက်တီကိုအသင်းကတော့ တစ်ကြိမ်သာပြန်လည်အနိုင်ရရှိခဲ့ပါတယ်။    လက်ရှိ ခြေစွမ်းပိုင်းအရလည်း   အင်တာမီလန်အသင်းက အသာစီးမှာရှိနေလို့ အင်တာမီလန်အသင်းပဲအနိုင် ရယူပြီး နောက်တစ်ဆင့်ကိုတက်ရောက်ပါလိမ့်မယ်။

ခန့်မှန်းရလဒ်-အက်သလက်တီကို ၁-၂ အင်တာမီလန်

          ဒေါ့မွန်         Vs      ပီအက်စ်ဗွီ

ကစားမည့်ရက်/အချိန်

(၁၄-၃-၂၀၂၄ နံနက် ၂:၃၀ နာရီ)

ပထမအကျော့ရလဒ်

          ပီအက်စ်ဗွီ    ၁       -        ၁       ဒေါ့မွန်

နောက်ဆုံးသုံးပွဲ အနိုင်၊ အရှုံးအခြေအနေ

ဒေါ့မွန်         အိမ်(ရှုံး)       ဝေး(နိုင်)      ဝေး(နိုင်)

ပီအက်စ်ဗွီ    ဝေး(နိုင်)      အိမ်(သရေ)  ဝေး(နိုင်)

ပထမအကျော့က တစ်ဂိုးစီသရေရလဒ်ကြောင့် ကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်ဖို့ နှစ်သင်းစလုံးအတွက်   အခွင့်အရေးကိုယ်စီရှိနေကြတယ်ဆိုပေမယ့် အိမ်ကွင်းမှာကစားရမယ့် ဒေါ့မွန်အသင်းကတော့ ပိုပြီးမျှော်လင့်ချက် အားကောင်းနေပါတယ်။

ဒေါ့မွန်အသင်းက  နောက်ဆုံးကစားတဲ့ နှစ်ပွဲဆက်နိုင်ပွဲပြန်လည်ရရှိထားပြီး ပုံစံကောင်းပြသထားသလို အိမ်ကွင်းဆိုရင် အသင်းလိုက်ကစားပုံလည်းတည်ငြိမ် မှုရှိလို့ ပီအက်စ်ဗွီအသင်းကို အကောင်းဆုံးဖိအားပေး ကစားနိုင်မှာပါ။ မာလန်းနဲ့ ဆန်ချိုဦးဆောင်နေတဲ့ ဒေါ့မွန်အသင်းတိုက်စစ်ပိုင်းကလည်း နောက်ပိုင်းပွဲစဉ် တွေမှာ ဂိုးသွင်းခြေပြန်တွေ့နေပါတယ်။

ပီအက်စ်ဗွီအသင်းကလည်း အသင်းလိုက်ကစားပုံ ကောင်းမွန်ပြီး နယ်သာလန်လိဂ်ပြိုင်ပွဲမှာ အဝေးကွင်းတစ်ပွဲမှ ရှုံးပွဲမရှိသေးဘူး ဆိုပေမယ့်    အခုပွဲစဉ်မှာတော့ ရုန်းကန်ရနိုင်ပါတယ်။ ပီအက်စ်ဗွီအသင်းက ဒေါ့မွန်အသင်းနဲ့ တွေ့ဆုံတိုင်း  ရုန်းကန်ရလေ့ရှိပြီး တစ်ကြိမ်မှအနိုင်မရရှိခဲ့ဖူးတာကို သတိထားရမှာပါ။ ဒါ့ပြင် ပီအက်စ်ဗွီ အသင်းမှာ အဓိက ကစားသမား တချို့ဒဏ်ရာကြောင့် ပါဝင်နိုင်ဖို့မသေချာတာကလည်း ပီအက်စ်ဗွီ အသင်းအတွက် အခက်တွေ့လာနိုင်မှာပါ။ ဒါ့ပြင်  ချန်ပီယံလိဂ်ပြိုင်ပွဲ အတွေ့အကြုံပိုင်းမှာလည်း ပီအက်စ်ဗွီအသင်းက  ဒေါ့မွန်အသင်းကို ယှဉ်ပြိုင်နိုင်ဖို့ ခက်ခဲမှာပါ။

ဒီနှစ်သင်း နှစ်ကြိမ်တွေ့ဆုံခဲ့ရာမှာ ဒေါ့မွန်အသင်းက   တစ်ကြိမ်အနိုင်ရရှိထားပြီး  တစ်ကြိမ်ကတော့ သရေရလဒ် ရရှိထားပါတယ်။   လက်ရှိခြေစွမ်းပိုင်းကတော့   ကွာခြားမှုမရှိပေမယ့်   အိမ်ရှင်အားသာချက်နဲ့ ကစားလာမယ့်     ဒေါ့မွန်အသင်းပဲအနိုင်ရမှာပါ။

ခန့်မှန်းရလဒ် - ဒေါ့မွန်  ၁-  ၀  ပီအက်စ်ဗွီ