ပါကစ္စတန်အရှေ့ပိုင်းတွင် လူနေအဆောက်အအုံတစ်ခုပြိုကျ အနည်းဆုံးကိုးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်

 

ပါကစ္စတန်အရှေ့ပိုင်းတွင် လူနေအဆောက်အအုံတစ်ခုပြိုကျ အနည်းဆုံးကိုးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာပြင်းထန်

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်းတွင် မတ်လ ၁၂ ရက်က လူနေအဆောက်အအုံတစ်ခု ပြိုကျမှုဖြစ်ပွားရာ  အနည်းဆုံးလူကိုးဦး သေဆုံးပြီး  အခြားနှစ်ဦးအပြင်းအထန်ဒဏ်ရာ ရရှိသွားကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

အဆိုပါ သုံးထပ်လူနေအဆောက်အအုံ သည် ပန်ဂျပ်ပြည်နယ် မူလ်တန်မြို့ ဟာရမ် ဂိတ်အနီးတွင်တည်ရှိပြီး မတ်လ ၁၂ ရက် နံနက်အစောပိုင်းက ပြိုကျခြင်းဖြစ်ကြောင်း ခရိုင်အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ ကာလင်းအူလာက ပြောသည်။

အဆောက်အအုံပြိုကျပြီးနောက် အပျက်အစီးများအောက်တွင် လူ ၁၁ ဦး ပိတ်မိနေခဲ့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို နာရီပေါင်းများစွာ ကြာလုပ်ဆောင်ပြီး နောက် ရုပ်အလောင်းကိုးခုကို ရှာဖွေတွေ့ရှိခဲ့ ပြီး လူနှစ်ဦးမှာအသက်ရှင်နေဆဲဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

သေဆုံးသူများတွင် မိသားစုတစ်စုတည်းမှ လူခုနစ်ဦးပါဝင်ပြီး ရုပ်အလောင်းများနှင့် ဒဏ်ရာရရှိသူများကို တာဝန်ရှိသူများက ဒေသတွင်းရှိ နီရှ်တာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

  Ref: Xinhua,dunyanews