ထိုင်းတော်ဝင်မိသားစုများအပေါ် စော်ကားပြောဆိုမှုအား တားမြစ်ထားသည့်ဥပဒေများကို ပြောင်းလဲရန် ကြိုးပမ်းသည့် နိုင်ငံရေးပါတီအား ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းရန်ကြိုးပမ်းမည်

 

ထိုင်းတော်ဝင်မိသားစုများအပေါ် စော်ကားပြောဆိုမှုအား တားမြစ်ထားသည့်ဥပဒေများကို ပြောင်းလဲရန် ကြိုးပမ်းသည့် နိုင်ငံရေးပါတီအား ရွေးကောက်ပွဲကော်မရှင်က ဖျက်သိမ်းရန်ကြိုးပမ်းမည်

ထိုင်းတော်ဝင်မိသားစုများအပေါ် စော်ကားပြောဆိုမှုအား တင်းကျပ်စွာတားမြစ်ထား သည့်ဥပဒေများကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သောပြုပြင်ပြောင်းလဲရေး Move Forward ပါတီအားဖျက်သိမ်းရန် အခြေခံဥပဒေဆိုင်ရာ တရားရုံးအား တောင်းဆို မည်ဟု   ရွေးကောက်ပွဲကော်မရှင်က မတ်လ ၁၂ ရက်တွင်ပြောသည်။

Move Forward ပါတီသည် ထိုင်းနိုင်ငံ တွင် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ၌ လွှတ်တော် အမတ်နေရာ အများဆုံးရရှိခဲ့သည့် နိုင်ငံရေး ပါတီဖြစ်သည်။ သို့သော် အဆိုပါ ပါတီသည် ၎င်းတို့၏ မဲဆွယ်ကာလအတွင်း တော်ဝင် မိသားစုများအပေါ် စော်ကားပြောဆိုမှုအား တင်းကျပ်စွာတားမြစ်ထားသည့် နိုင်ငံ၏ဥပဒေများကို ပြုပြင်ပြောင်းလဲမည်ဟု ကတိ ကဝတ်ပြုခဲ့ကြောင်း သိရသည်။

ထို့ကြောင့် Move Forward ပါတီအား ဖျက်သိမ်းရန် ကြိုးပမ်းမည့်အစီအစဉ်ကို ရွေးကောက်ပွဲကော်မရှင်က တညီတညွတ်တည်း သဘောတူညီခဲ့ခြင်းဖြစ်သည်။ ထို့ပြင်နိုင်ငံအတွင်းရှိ တော်ဝင်မိသားစုများအပေါ် စော်ကားပြောဆိုမှုအား တင်းကျပ်စွာတားမြစ် ထားသည့်ဥပဒေများကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခြင်းသည် စည်းမျဉ်းခံဘုရင်စနစ် ကို ဖျက်သိမ်းရန်ကြိုးပမ်းရာရောက်ကြောင်း အခြေခံဥပဒေဆိုင်ရာတရားရုံးက ၂၀၂၄ ခုနှစ်အစောပိုင်း၌ ပြောကြားခဲ့ပြီး ဘုရင်အားစော်ကားခြင်း သို့မဟုတ် အသရေဖျက်ခြင်းတို့အပေါ် တားမြစ်ထားသည့် ဥပဒေများအား ပြောင်းလဲမည့် မည်သည့်ကြိုးပမ်းမှုကိုမျှ လုပ်ဆောင်ခြင်းမပြုရန် တရားရုံးက Move Forward ပါတီအား အမိန့်ပေးထားကြောင်း သိရသည်။          

    Ref: ST