စားနပ်ရိက္ခာတန်၂၀၀ နီးပါး တင်ဆောင်ထားသည့် အကူအညီပေးရေး သင်္ဘောဆိုက်ပရပ်မှ ဂါဇာသို့ထွက်ခွာ

 

စားနပ်ရိက္ခာတန်၂၀၀ နီးပါး တင်ဆောင်ထားသည့် အကူအညီပေးရေး သင်္ဘောဆိုက်ပရပ်မှ ဂါဇာသို့ထွက်ခွာ

ဂါဇာကမ်းမြောင်ဒေသရှိ အစားအစာ လိုအပ်နေသည့် ပါလက်စတိုင်းပြည်သူများ အတွက် စားနပ်ရိက္ခာ တန်ချိန်ပေါင်း ၂၀၀ နီးပါးတင်ဆောင်ထားသည့် အကူအညီပေး ရေးသင်္ဘောသည်  မတ်လ  ၁၂  ရက် အစောပိုင်းတွင် ဆိုက်ပရပ်ရှိ  ဆိပ်ကမ်းတစ်ခုမှ အဆိုပါဒေသသို့ ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အကူအညီပေးရေး သင်္ဘောသည် ဂါဇာကမ်းမြောင်ဒေသသို့ ဝင်ရောက်နိုင်ရန် မကြာမီက ဖောက်လုပ်ထားသည့် လမ်း ကြောင်းသစ်ဖွင့်လှစ်မှုအဖြစ် စတင်ထွက်ခွာခြင်းဖြစ်ပြီး ယင်းသင်္ဘောပေါ်တွင် ဂျုံ၊ ဆန် နှင့် ပရိုတိန်းတို့ကို တင်ဆောင်ထားသည်။

ဆိုက်ပရပ်နိုင်ငံသည် ဂါဇာကမ်းမြောင် ဒေသအနောက်မြောက်ပိုင်းမှ  ၃၂၂ ကီလို မီတာသာ ကွာဝေးသော်လည်း တင်ဆောင် ထားသည့်  စားနပ်ရိက္ခာများ၏အလေး ချိန်ကြောင့် ၎င်းသင်္ဘောသည် ဂါဇာကမ်း မြောင်ဒေသသို့ ရောက်ရှိရန် ၁၅ နာရီကြာ မောင်းနှင်ရမည်ဖြစ်ကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ဒေသသို့ ယခုပေးပို့သည့် စားနပ်ရိက္ခာအကူအညီကို အဓိကအား ဖြင့် အာရပ်စော်ဘွားများ ပြည်ထောင်စုက ငွေကြေးထောက်ပံ့ခြင်းဖြစ်ပြီး အမေရိကန်၌ အခြေပြုသည့် ပရဟိတအဖွဲ့အစည်းတစ်ခု ဖြစ်သော World Central Kitchen အဖွဲ့က စီစဉ်၍ စပိန်လူမှုရေး အဖွဲ့အစည်းတစ်ခုက  သင်္ဘောမောင်းနှင်သွားလာမှုအတွက် အကူအညီပေးခဲ့ခြင်း ဖြစ်သည်။

ဂါဇာကမ်းမြောင်ဒေသတွင် သင်္ဘောများ ဆိုက်ကပ်ရန်လိုအပ်သည့် အခြေခံအဆောက် အဦ မလုံလောက်မှုကြောင့် အကူအညီပေးရေးသင်္ဘောများ ဆိုက်ကပ်နိုင်ရန်အတွက် ဆိပ်ခံတံတားတစ်ခုကို  World Central Kitchen အဖွဲ့က ဦးစွာတည်ဆောက်ခဲ့ရပြီး ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည်သူများအတွက် စားနပ်ရိက္ခာတန် ၅၀၀ ကို ဆိုက်ပရပ်သို့ ဆက်လက်ပေးပို့မည်ဖြစ်ကြောင်း ယင်းအဖွဲ့ကြီးက  ပြောကြားသည်။

Ref: ST