ခြိမ်းခြောက်မှုများကို ဖယ်ရှားဟန့်တားနိုင်ရေးအတွက် ရုရှား၊ တရုတ်နှင့် အီရန်တို့ကြား လုပ်ဆောင်သည့် Maritime Security Belt ပူးတွဲစစ်ရေးလေ့ကျင့်မှု

 

ခြိမ်းခြောက်မှုများကို ဖယ်ရှားဟန့်တားနိုင်ရေးအတွက် ရုရှား၊ တရုတ်နှင့် အီရန်တို့ကြား လုပ်ဆောင်သည့် Maritime Security Belt ပူးတွဲစစ်ရေးလေ့ကျင့်မှု

အမေရိကန်နှင့် အနောက်နိုင်ငံများ၏ ခြိမ်းခြောက်မှုများကို ဖယ်ရှား၊ ဟန့်တားနိုင် ရေးအတွက် ရုရှား၊ တရုတ်နှင့် အီရန်တို့သည် ၎င်းတို့ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှု ကြီးတစ်ရပ်ကို စတင်လိုက်ပြီဖြစ်သည်။

မဟာမိတ်သုံးနိုင်ငံသည် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကြီးတစ်ရပ်ကို အာရေဗျ ပင်လယ်တွင် မတ်လ ၁၂ ရက်မှ ၁၅ ရက်အထိ ကျင်းပခြင်းဖြစ်ပြီး   ယင်းစစ်ရေး လေ့ကျင့်မှုကို     အိုမန်ပင်လယ်ကွေ့ရှိ ချာဘဟာဆိပ်ကမ်းမှ စတင်မည်ဖြစ်သည်။ ယခုလုပ်ဆောင်သည့် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှု၏   အဓိကရည်ရွယ်ချက်မှာ ရေကြောင်း လုံခြုံရေးကို သုံးနိုင်ငံစလုံးက ပူးတွဲကာကွယ်ရန်အတွက် ဖြစ်သည်။

ရုရှား၊ တရုတ်နှင့် အီရန်သုံးနိုင်ငံကြား လုပ်ဆောင်သည့်  ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုကို Maritime Security Belt ဟု အမည်ပေးထားပြီး စစ်ရေးလေ့ကျင့်မှုတွင် သုံးနိုင်ငံစလုံးမှ စစ်လေယာဉ်များနှင့် စစ်ရေယာဉ်များ ပါဝင်မည်ဖြစ်သည်။ ယခုလုပ်ဆောင်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုအား အဇာဘိုင်ဂျန်၊ အိန္ဒိယ၊  ကာဇက်စတန်၊  အိုမန်၊ ပါကစ္စတန်နှင့် တောင်အာဖရိကစစ်ဘက်မှ တာဝန်ရှိသူများက လေ့လာသူများအဖြစ် လာရောက်လေ့လာ ကြည့်ရှုမည်ဖြစ်သည်။

ရုရှားနိုင်ငံသည် အဆိုပါပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်းသို့ ပစိဖိတ်ရေတပ်ဖွဲ့မှ စစ်ရေယာဉ်များဖြစ်သည့်  Slava အတန်းအစားပဲ့ထိန်းဒုံးကျည်တပ် ခရုဇ်စစ်သင်္ဘောနှင့်   Udaloy အတန်းအစား ဖရီးဂိတ်စစ်သင်္ဘောများကို စေလွှတ်ခဲ့သည်။

အလားတူပင်   တရုတ်နိုင်ငံကလည်း ၎င်းတို့၏ Urumqi အတန်းအစား ပဲ့ထိန်းဒုံးကျည်တပ်ဖျက်သင်္ဘော၊ Linyi အတန်းအစား ပဲ့ထိန်းဒုံးကျည်တပ်    ဖရီးဂိတ်စစ်သင်္ဘောနှင့် Dongpinghu ထောက်ပံ့ရေး ရေယာဉ်တို့ကို ပို့ဆောင်ခဲ့သည်။

ထို့ပြင် သုံးနိုင်ငံပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုတွင် အီရန်မှ ရဟတ်ယာဉ်များနှင့်   အရွယ်အစားအမျိုးမျိုးရှိသည့် Maritime Security Belt ပူးတွဲစစ်ရေး လေ့ကျင့်မှုကို ရုရှားနှင့်တရုတ်တို့ကြား ၂၀၁၉ ခုနှစ်မှ စတင် လုပ်ဆောင်သည့် နှစ်နိုင်ငံစစ်ရေးလေ့ကျင့်မှုအဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ၂၀၂၁ ခုနှစ်တွင်   တရုတ်နိုင်ငံပါဝင်နိုင်ခဲ့ခြင်း မရှိပေ။ သို့သော် နောက်ပိုင်းတွင် တရုတ်နိုင်ငံသည် အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ဆက်လက်ပါဝင်ခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံသည် အနောက်နိုင်ငံများ၊ အထူးသဖြင့် အမေရိကန်၏ အင်ဒို-ပစိဖိတ်မဟာဗျူဟာဖော်ဆောင်မှုအား တန်ပြန်ရန်အတွက် ရုရှား၊ အီရန်တို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို တိုးမြှင့်လုပ်ဆောင်လာလျက်ရှိသည်။ 

ရုရှား၊  တရုတ်နှင့် အီရန်သုံးနိုင်ငံတို့သည် ၎င်းတို့၏ရေတပ်စွမ်းဆောင်ရည်ကို တိုးမြှင့်နိုင်ရေးအတွက် ှနခကမငအပ သြညိ-၂၀၂၃ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို  ၂၀၂၃ ခုနှစ် မတ်လအတွင်းက ကျင်းပခဲ့သည်။ အဓိကရည်မှန်းချက်မှာ အမေရိကန်၏ အင်ဒို-ပစိဖိတ်ဒေသအတွင်း   ရေတပ်အင်အားတိုးချဲ့လာမှုကို တန်ပြန်ရန်ဖြစ်သည်ဟု ကျွမ်းကျင်သူများက   ဆိုထားသည်။ အဆိုပါ Security Bond-2023 ပူးတွဲစစ်ရေး လေ့ကျင့်မှုသည်   သုံးနိုင်ငံရေတပ်ဖွဲ့များကြား  လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်နိုင်ခဲ့သည်။

စင်စစ်တွင် တရုတ်နိုင်ငံသည် ၂၀၃၀ ပြည့်နှစ်အရောက်တွင် ရေပြာတပ်မတော် အဖြစ်တက်လှမ်းနိုင်ရေးအတွက် လေယာဉ်တင်သင်္ဘောသစ်များ ပါဖွဲ့စည်း၍ ရည်မှန်း လုပ်ဆောင်လျက်ရှိရာ အမေရိကန်အပါအဝင် အနောက်နိုင်ငံကြီးများ၏ တန်ပြန်မှုသည် ၎င်းတို့အတွက် အတားအဆီး၊ အဟန့်အတားများ ဖြစ်လာခဲ့ပြီဖြစ်သည်။

တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်များကို တန်ပြန်ရန်အတွက် အမေရိကန်က ၎င်းတို့၏ အင်ဒို-ပစိဖိတ်ဒေသ အတွင်းရှိ ပစိဖိတ်စစ်ဌာနချုပ် (U.S Pacific Command- USPACOM) အား     အင်ဒို-ပစိဖိတ်စစ်ဌာနချုပ် (့ U.S Indo-Pacific Com-mand-USINDO- PACOM) အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်း၊   Rim of the Pacific Exercise-RIMPAC၊ Malabar Naval  Exercises ကဲ့သို့သော စစ်ရေးလေ့ကျင့်မှုများ   လုပ်ဆောင်လာခြင်းဖြင့် ၎င်းတို့၏ အင်ဒို-ပစိဖိတ်အား စစ်ရေးအရ လွှမ်းမိုးရေး မဟာဗျူဟာအား အကောင်အထည်ဖော်လျက်ရှိရာ ယင်းလုပ်ဆောင်ချက်များသည်    တရုတ်နိုင်ငံကိုသာမက ရုရှားနှင့် အီရန်တို့ကိုပါ ခြိမ်းခြောက်လာလျက်ရှိသည်။

အချုပ်အားဖြင့် ဆိုရပါမူ ရုရှား၊ တရုတ်နှင့် အီရန်တို့ကြား   လုပ်ဆောင်သည့် Maritime Security Belt ပူးတွဲစစ်ရေး လေ့ကျင့်မှုသည် ပါဝင်သည့် နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ပေးနိုင်ခဲ့သည်ဟု ဆိုနိုင်သည်။    ဥပမာအားဖြင့် ဆိုရပါမူ ၂၀၂၃ ခုနှစ်အတွင်း လုပ်ဆောင်သည့်   ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း သုံးနိုင်ငံရေတပ်များကြား ဖွဲ့စည်းပုံအတိုင်း ရေယာဉ်များကို မောင်းနှင်ခြင်း၊ အမြောက်ပစ်ခတ်မှုများကို ညအချိန်နှင့် သင့်လျော်သည့်  အချိန်များတွင် လုပ်ဆောင်ခြင်း၊ ဓားစာခံများကို ပင်လယ်ဓားပြများလက်မှ ကယ်ဆယ်နိုင်ရေးအတွက် သရုပ်သဏ္ဌာန်အမှန်ဖန်တီး၍ လေ့ကျင့်ခြင်းနှင့် အခက်အခဲဖြစ်နေသည့် သို့မဟုတ် အကူအညီလိုအပ်သည့် မဟာမိတ်နိုင်ငံများမှ ရေယာဉ်တစ်စင်းအား အကူအညီပေးခြင်းတို့ကို လုပ်ဆောင်နိုင်ခဲ့သည်။

Maritime Security Belt ပူးတွဲစစ်ရေးလေ့ကျင့်မှု လုပ်ဆောင်သည့်နေရာသည်     ပါရှန်းပင်လယ်ကွေ့ အနီးတွင်ဖြစ်သည်။ ယင်းဒေသသည် ကမ္ဘာ့နိုင်ငံများက   အရေးတကြီးလိုအပ်နေသည့် ရေနံအရင်းအမြစ်များအား ကမ္ဘာ့ဈေးကွက်သို့ တင်ပို့ရာ မူရင်းဒေသဖြစ်သည်။ ထို့ပြင် အာရေဗျကျွန်းဆွယ်၏ အခြားတစ်ဖက်တွင်ရှိသည့် ယီမင်ကမ်းလွန်တွင်မူ အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံများက ယီမင်နိုင်ငံမှ ဟူသီသူပုန်များ၏ တိုက်ခိုက်မှုများကို ရပ်တန့်နိုင်ရေးအတွက် စစ်ရေယာဉ် အများအပြားကို ဖြန့်ကြက်ထားရာ ယင်းသို့ ဖြန့်ကြက်ခြင်းသည်    ဟူသီသူပုန်များ၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်သည်ဟုဆိုနိုင်သော်လည်း    အခြားလုံခြုံရေးဆိုင်ရာ ရည်မှန်းချက်များရှိနိုင်သောကြောင့် ရုရှား၊ တရုတ်နှင့် အီရန်တို့က    ၎င်းတို့ကြား ရေတပ်လုံခြုံရေးကို တိုးမြှင့်နိုင်ရေးအတွက် Maritime Security Belt ပူးတွဲစစ်ရေး လေ့ကျင့်မှုကို လုပ်ဆောင်လာခြင်းသာ ဖြစ်ကြောင်း    ရေးသား တင်ပြလိုက်ရပါသည်။

Ref:RT