လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ရေးအတွက် ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တောင်းဆိုသည့် ပုပ်ရဟန်းမင်းကြီး၏ တောင်းဆိုချက်ကို နေတိုးအကြီးအကဲငြင်းဆို

 

လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ရေးအတွက် ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တောင်းဆိုသည့် ပုပ်ရဟန်းမင်းကြီး၏ တောင်းဆိုချက်ကို နေတိုးအကြီးအကဲငြင်းဆို

ယူကရိန်းလက်နက်ကိုင်ပဋိပက္ခအဆုံး သတ်ရေးအတွက် လက်နက်ချ၍ ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တောင်းဆိုသည့် ပုပ်ရဟန်းမင်းကြီး၏ တောင်းဆိုချက်ကို နေတိုးတပ်ဖွဲ့အကြီးအကဲ ဂျန်စတိုတန်ဘာ့ဂ် က ငြင်းဆိုလိုက်သည်။

ယူကရိန်းနိုင်ငံသည် ရုရှားနှင့် ငြိမ်းချမ်းရေး သဘောတူညီချက်ချမှတ်နိုင်ရေး စတင်မလုပ်ဆောင်မီ အကူအညီများစွာလိုအပ် ကြောင်း၊ ယူကရိန်းအစိုးရအား စစ်ရေးအရ ပိုမိုအကူအညီပေးခြင်းသာလျှင် ငြိမ်းချမ်း ရေးသဘောတူညီချက်တစ်ရပ်ကို ရရှိနိုင်မည်ဖြစ်ကြောင်း  ဂျန်စတိုတန်ဘာ့ဂ်က မတ်လ ၁၁ ရက်တွင်ပြောသည်။

ယခုအချိန်သည် ယူကရိန်းအနေဖြင့် လက်နက်ချရမည့်အချိန်မဟုတ်ကြောင်း၊ ထိုသို့ လက်နက်ချပါက ယူကရိန်းပြည်သူများအတွက်  ဝမ်းနည်းဖွယ်ဖြစ်မည်ဖြစ်ပြီး   နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများအတွက်ပါ အန္တရာယ်ကို   ဖြစ်ပေါ်စေနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခကိုအဆုံးသတ်၍ ရုရှားနှင့် ငြိမ်းချမ်း ရေးဆွေးနွေးရန် တောင်းဆိုသည့် ပုပ်ရဟန်းမင်းကြီး၏ တောင်းဆိုချက်ကို ရုရှားနိုင်ငံက ကြိုဆိုထားပြီး ပုပ်ရဟန်းမင်းကြီး၏ ဆန္ဒနှင့် အကြံအစည်သည် ရုရှားပြည်သူများ၏ ဆန္ဒနှင့် အကြံအစည်ကိုထင်ဟပ်ဖော်ပြနေခြင်း ဖြစ်ကြောင်း ရုရှားအစိုးရ အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ဗ်ကပြောကြားသည်။

Ref:RT