ချယ်လ်ဆီးအသင်းကို တစ်ရာသီအတွင်း အိမ်ကွင်း အဝေးကွင်း နှစ်ပွဲဆက်ဂိုးသွင်းယူနိုင်သည့် တတိယမြောက် ကစားသမားအဖြစ် အီဆက်မှတ်တမ်းဝင်

 

ချယ်လ်ဆီးအသင်းကို တစ်ရာသီအတွင်း အိမ်ကွင်း အဝေးကွင်း နှစ်ပွဲဆက်ဂိုးသွင်းယူနိုင်သည့် တတိယမြောက် ကစားသမားအဖြစ် အီဆက်မှတ်တမ်းဝင်

 

နယူးကာဆယ်အသင်းတိုက်စစ်ကစားသမား အီဆက်သည် ချယ်လ်ဆီးအသင်းနှင့် နယူးကာဆယ်အသင်းတို့ ကစားသည့်ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် ချယ်လ်ဆီးအသင်းကို တစ်ရာသီ အတွင်း   အိမ်ကွင်းနှင့်အဝေးကွင်းကစားသည့်နှစ်ပွဲ စလုံးဂိုးသွင်းယူနိုင်သည့် တတိယမြောက်ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အသက် ၂၄ နှစ်အရွယ် အီဆက်သည် ပရီးမီးယားလိဂ် ပြိုင်ပွဲ ပွဲစဉ်(၂၄)အဖြစ်ကစားသည့် ချယ်လ်ဆီးအသင်းက နယူးကာဆယ်အသင်းကို ၃ ဂိုး- ၂ ဂိုးဖြင့်အနိုင် ရရှိသည့်ပွဲစဉ်တွင်  အသင်းအတွက်  သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

အီဆက်သည်   ယခုဘောလုံးရာသီတွင်   ပထမ အကျော့ပွဲစဉ်အဖြစ်   ကစားသည့်   နယူးကာဆယ် အသင်းက အိမ်ကွင်း၌ ချယ်လ်ဆီးအသင်းကို ၄ ဂိုး- ၁  ဂိုးဖြင့်  အနိုင်ရရှိသည့်ပွဲစဉ်တွင် အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သကဲ့သို့    ဒုတိယအကျော့ ပွဲစဉ်အဖြစ်ကစားသည့် ချယ်လ်ဆီးအသင်းအိမ်ကွင်း၌ လည်း သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ပြီးနောက် တစ်ရာသီ အတွင်း ချယ်လ်ဆီးအသင်းကို အိမ်ကွင်းရော အဝေး ကွင်းပါ  ဂိုးသွင်းယူနိုင်သည့်   တတိယမြောက်ကစား သမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်    တစ်ရာသီအတွင်း ချယ်လ်ဆီးအသင်းကို   အိမ်ကွင်းနှင့် အဝေးကွင်း၌ ဂိုးသွင်းယူနိုင်သည့်ကစားသမားများအဖြစ် ၁၉၁၇-၁၉၁၈ ဘောလုံးရာသီက ဒွိုက်ဂေးလ်နှင့် ၁၉၉၆- ၁၉၉၇ဘောလုံးရာသီက အလန်ရှီးယားတို့က သွင်းယူ နိုင်ခဲ့ကြခြင်းဖြစ်သည်။

အီဆက်သည်   ယခုဘောလုံးရာသီတွင်  နယူး ကာဆယ်အသင်းတိုက်စစ်ပိုင်းကို အဓိက ကစားသမား အဖြစ် ဦးဆောင်လျက်ရှိနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ တွင် ပွဲ ၂၀ ပါဝင်ကစားခဲ့ရာ  ၁၂ ဂိုး  သွင်းယူထား ကြောင်း သိရသည်။          

 Ref;Yahoo Sports