အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်လုံခြုံရေးကို ခြိမ်းခြောက်လာပါက  နျူကလီးယားလက်နက်များကို အသုံးပြုရန် အသင့်ရှိဟု ပူတင်ထပ်မံသတိပေး

 

အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့်လုံခြုံရေးကို ခြိမ်းခြောက်လာပါက  နျူကလီးယားလက်နက်များကို အသုံးပြုရန် အသင့်ရှိဟု ပူတင်ထပ်မံသတိပေး

နိုင်ငံ၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် လုံခြုံရေးကိုခြိမ်းခြောက်လာပါက နျူကလီး ယားလက်နက်များကို အသုံးပြုရန်အသင့်ရှိ ဟု ရုရှားသမ္မတ  ဗလာဒီမာပူတင်က မတ်လ ၁၃ ရက်တွင် ထပ်မံသတိပေး ပြောကြားလိုက်သည်။

ရုရှားနိုင်ငံအနေဖြင့်  နျူကလီးယား လက်နက်များအား အသုံးပြုရန်လိုအပ်ခြင်း မရှိသော်လည်း နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် လုံခြုံရေးကိုကာကွယ်ရန်အတွက် နျူကလီးယားလက်နက်အပါအဝင် နည်းလမ်း အားလုံးကို အသုံးပြုရန် ပြင်ဆင်ထားကြောင်း မတ်လ ၁၃ ရက်အစောပိုင်းတွင် ရုရှားရုပ်သံနှင့်  လုပ်ဆောင်သည့်   တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် အချို့အနောက်နိုင်ငံများအနေဖြင့် ရုရှားအရေးနှင့်စပ်လျဉ်း၍ ကန့်သတ်ချက် များမရှိဟု  ပြောဆိုထားသလို   ရုရှားအနေဖြင့်လည်း   ယင်းနိုင်ငံများအား  တုံ့ပြန်ရန်အတွက်  ကန့်သတ်ချက်များ မရှိကြောင်း နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများကို ရည်ညွှန်း၍ ဆက်လက်ပြောကြားသည်။

နျူကလီးယားလက်နက်များကို အသုံးပြုရန်အသင့်ရှိသည်ဟု သမ္မတပူတင်က မကြာခဏသတိပေး ပြောကြားထားပြီး အထူးသဖြင့် ယူကရိန်းလက်နက်ကိုင်ပဋိပက္ခတွင် အနောက်နိုင်ငံများက နက်ရှိုင်းစွာပါဝင်နေ မှုအပေါ် သတိပေးခြင်းဖြစ်သည်။ ထို့ပြင် ယူကရိန်းနှင့် အနောက်နိုင်ငံများအနေဖြင့် နောက်ဆုံးတွင်  ရုရှားကချမှတ်သည့် သတ်မှတ်ချက်များ ပါဝင်သော သဘောတူညီချက်တစ်ရပ်ကို  သဘောတူညီရမည်ဖြစ် ကြောင်း ပူတင်က ဆက်လက်ပြောကြားခဲ့ ကြောင်း သိရသည်။

Ref: TS