မိုးညှင်းနှင့် နောင်ချိုမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

 

မိုးညှင်းနှင့် နောင်ချိုမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော်  မတ်  ၁၄

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့သည် မတ်လ ၁၁ ရက် ညနေ ၃ နာရီတွင် မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု   နန့်စီးအောင်ကျေးရွာအနီးတွင် NISSAN AD  VAN အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်ပါခရီးသည် ယုံဒတ်နှင့်မဇင်မျိုးနွယ်တို့ သယ်ဆောင်လာသည့် ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလိုကိုလည်းကောင်း၊  ထို့ပြင် ပူးပေါင်းအဖွဲ့သည် မတ်လ ၁၂ ရက် ညနေ ၄ နာရီတွင် နောင်ချိုမြို့  ပါဟတ်ရပ်ကွက်  အိုရီယမ်တယ်တိုးဂိတ်အနီးတွင် အားကော်မောင်းနှင်ပြီး အောင်ကျော်ဟိန်း    လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၂ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား   မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း  သိရသည်။