၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ စတင်ကျင်းပ

 

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ စတင်ကျင်းပ

နေပြည်တော်  မတ်  ၁၄

 

မျိုးဆက်သစ်  အားကစားသမားများပေါ်ထွက်လာစေရန်နှင့် ဘောလုံးအားကစားအဆင့်အတန်း တိုးတက်မြင့်မား လာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ပွဲစဉ်များကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် ကွင်းအမှတ်(၃)တို့၌ ကျင်းပခဲ့သည်။

ယနေ့ဘောလုံး(အမျိုးသား)အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၁)၌  စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌  ပြည်ထောင်စုနယ်မြေနေပြည်တော်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း  အသီးသီးယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

အဆိုပါ ပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန   ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊  မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှတာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်(ယနေ့) ညနေ ၃ နာရီတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသား) ပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားနှင့် အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်အဖြစ် ကချင် ပြည်နယ်အသင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

              ကျော်လွင်(မြဝတီ)