တရားမဝင်သစ်မျိုးစုံ၊ ရေနံစိမ်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

 

တရားမဝင်သစ်မျိုးစုံ၊ ရေနံစိမ်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များဖမ်းဆီးရမိ

နေပြည်တော် မတ် ၁၄

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ   တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၁၂ ရက်တွင် ကချင်ပြည်နယ်  တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ဗန်းမော်မြို့၊ မြို့ရှောင်လမ်း၊ (၃)မိုင် ရွှေပြည်သာရပ်ကွက်၊ ရော်ဘာခြံအနီး လမ်းဘေးတစ်နေရာ၌ စုပုံထားသော တရုတ်စာသားပါ ခေါက်ဆွဲခြောက်ဘူး ဘူး (၅၂၈၀) အပါအဝင် စားသောက်ကုန်ပစ္စည်း(၅)မျိုး စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ   အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မတ်လ ၁၂ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည် X-Ray စက် စစ်ဆေးရေးဂိတ်၌     ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီး ပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့်  Fineline Fabric Softener အမွှေးဆီထုပ် (၁၃၂၀) ၊ ဖုန်းအပိုပစ္စည်း Neo Glass - Tempered Glass ခု (၁၅၀၀၀) အပါအဝင် ကုန်ပစ္စည်း(၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၈၇၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Sunlong Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၁၈၇၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ   အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၁၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏  စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွာသာကြီး Dry Port ၌ မောတောင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထွက် သစ်တော်သီး ကီလိုဂရမ် (၁၅၀၈၀) (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၇၁၁၆၈၅၉)နှင့် အဆိုပါပစ္စည်းများ   တင်ဆောင်လာသည့် Mitsubishi Fuso Tractor Head (၁)စီးနှင့် နောက်တွဲယာဉ်(၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇၅၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၈၄၆၁၆၈၅၉)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ   အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ    မတ်လ  ၁၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မရမ်းချောင်အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဘားအံမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ် (၁)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင်   ကြေညာထားခြင်းမရှိသည့်     Siamvic PVC Resin (၁၈၅)အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၆၁၃၇၅)နှင့် အဆိုပါပစ္စည်းများ  တင်ဆောင်လာသည့် Nissan Condor Truck (၁)စီး (ခန့်မှန်းတန်ဖိုး ငွေကျပ်၂၅၀၀၀၀၀၀)၊ စုစုပေါင်း(ခန့်မှန်း တန်ဖိုးငွေကျပ် ၃၃၀၆၁၃၇၅)ကို ဖမ်းဆီး ရမိခဲ့ပြီး     အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မတ်လ ၁၂ ရက်တွင် မင်းလှမြို့နယ်၊ မြောင်လယ်ကျေးရွာ၌ တရားမဝင် ရေနံတူးဖော်ရာတွင် အသုံးပြုသည့် ပီပါ(၆)လုံးဆံ့ သံကန် (၄)ခု၊ ရေနံချက်ဖို သံကန်(၁)လုံး၊ ရေနံစိမ်း ဂါလန်(၃၀) အပါအဝင် ဆက်စပ်ပစ္စည်း (၁၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၇၃၇၅၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်း ဥပဒေအရလည်းကောင်း၊ မတ်လ ၁၃ ရက်တွင် မင်းဘူး-စကုကားလမ်း၊ မန်းရေနံမြေဂိတ်(၂)အနီး၌ တရားမဝင် ရေနံတူးဖော်ရာတွင် အသုံးပြုသည့် လေပိုက်လုံး ပေ (၃၀) နှင့် အဆိုပါပိုက်လုံးများ တင်ဆောင်လာသည့်    သုံးဘီးမော်တော် ဆိုင်ကယ်(၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၉၁၇၉၀)ကို ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၄၂၉၂၉၀)ကို  ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၁၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မုံရွာမြို့နှင့် ကန့်ဘလူမြို့၌ တရားမဝင်အခြားသစ်(၇ ဒသမ ၀၄၁)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၉၆၅၅၈)ကို ဖမ်းဆီး ရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ မတ်လ ၁၂ ရက်နှင့် ၁၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၃)မှု၊    (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၇၅၇၄၀၈၂)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး   ဦးဆောင်ကော်မတီမှ သိရသည်။