အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC)ရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ms. Elena Ajmone Sessera ကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၃) ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး လက်ခံတွေ့ဆုံ

နေပြည်တော်  မတ်  ၁၄

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၃)   ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည်   အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရုံး၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera ကို ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၃) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပဋိပက္ခဖြစ်ပွားနေသော ဒေသများတွင် ကျန်းမာရေး စောင့်ရှောက်မှုကိစ္စရပ်များ၊ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေအား လိုက်နာ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ   အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။