မဟုတ်မမှန်လုပ်ကြံသတင်းများထုတ်ပြန်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်စေရန်လှုံ့ဆော်သူများကို တည်ဆဲဥပဒေများနှင့်အညီ တရားစွဲအရေးယူနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခြင်း

 

မဟုတ်မမှန်လုပ်ကြံသတင်းများထုတ်ပြန်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းများ မြင့်တက်စေရန်လှုံ့ဆော်သူများကို တည်ဆဲဥပဒေများနှင့်အညီ တရားစွဲအရေးယူနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခြင်း

နေပြည်တော်  မတ်  ၁၅

 

၁။      မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန်နှင့် ဈေးကစားမှုများ မဖြစ်စေရန်အတွက် သွင်းကုန်လုပ်ငန်းရှင်များ လိုအပ်သော နိုင်ငံခြားငွေများကို Online Trading Platform မှတစ်ဆင့်ရောင်းချပေးခြင်း၊ နိုင်ငံခြားသို့ ဆေးကုသခြင်း၊ ပညာတော်သင်သွားခြင်း၊ ဘုရားဖူးသွားခြင်း၊ အလုပ်အကိုင်ကိစ္စရပ်များဖြင့် ထွက်ခွာမည့်သူများအတွက် အသေးသုံးနိုင်ငံခြားငွေများကို ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် ရောင်းချစေခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

၂။      မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြီးကြပ်လျက်ရှိသော Online Trading Platformတွင် ဘဏ်များနှင့် သွင်းကုန်/ပို့ကုန်လုပ်ငန်းရှင်များအကြား အမေရိကန်တစ်ဒေါ်လာလျှင် ၃၃၇၅ ကျပ်နှုန်းဖြင့် ရောင်းဝယ်နေသကဲ့သို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပံ့ပိုးမှုဖြင့် ပုဂ္ဂလိကဘဏ် (၃) ဘဏ်တို့၏ အောက်ပါငွေလဲကောင်တာများတွင် နိုင်ငံခြားငွေ ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ အမေရိကန်ဒေါ်လာ ၅၀၀ အထိကို အမေရိကန်တစ်ဒေါ်လာလျှင် ၃၁၀၀ ကျပ်နှုန်းဖြင့် အထူးအစီအစဉ်အရ ရောင်းချပေးလျက်ရှိပါသည်-

၃။      ဤကဲ့သို့ ဆောင်ရွက်နေသည့်အခြေအနေများကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏   Official Website  နှင့် KBZ Bank ၊ AYA Bank ၊ UAB Bank တို့၏ လူမှုကွန်ရက်စာမျက်နှာများနှင့် Official Website  များတွင် ဖော်ပြထားပြီးဖြစ်ပါသည်။

၄။      ယင်းသို့ နိုင်ငံခြားငွေများကို ရောင်းချပေးလျက်ရှိသော်လည်း နိုင်ငံခြားငွေလဲလှယ်နှုန်း ကမောက်ကမ ဖြစ်စေလိုသော မသမာသူအဖျက်သမားများက အောက်ပါ လူမှုကွန်ရက်စာမျက်နှာများ၊ လူမှုကွန်ရက် Group များ၊ App များ၊ Website များမှတစ်ဆင့် မဟုတ်မမှန်လုပ်ကြံသတင်းများထုတ်ပြန်ပြီး နိုင်ငံခြား ငွေလဲလှယ်နှုန်းများ မြင့်တက်စေရန် လှုံ့ဆော်လျက်ရှိကြောင်း လေ့လာတွေ့ရှိရပါသည်-

(က)   Mr.Hamburger Channel (Viber)

(ခ)     Myanmar Market Price (App & Facebook)

(ဂ)    Htet Yan Money Exchange (Facebook)

(ဃ)   Dollar Exchange Rate (Facebook)

(င)     Daily Gold (Facebook)

(စ)    Myanmar Future News (Facebook)

(ဆ)   ရွှေဈေး၊ ဒေါ်လာဈေး (Facebook)

(ဇ)    GG-Money Exchange (Facebook)

(ဈ)    ရဝေထွန်း- စိန်ရွှေရတနာဆိုင် (Facebook)

(ည)   ရွှေဈေးနှုန်း၊ ငွေဈေးနှုန်း (Facebook)

(ဋ)    Domestic Price Now

(ဌ)     Shwedingar.com

(ဍ)    Gold  (Facebook)

(ဎ)    Law Ka Media (Facebook)

(ဏ)  Money Changer (Yangon) ငွေဈေး ဒေါ်လာဈေး (Facebook Group)

၅။      သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ လူမှုကွန်ရက်စာမျက်နှာများ၊ လူမှုကွန်ရက်  Group များ၊ App များ၊ Website များသည် မမှန်ဟုသိလျက်နှင့် သို့မဟုတ် မမှန်ဟုယုံကြည်လောက်အောင် အကြောင်းရှိလျက်နှင့် မမှန်သတင်းဖြန့်ဝေခြင်း သို့မဟုတ် မမှန်သတင်းဖြန့်ရန် ကြံရွယ်ခြင်းတို့ကို ဆောင်ရွက်နေကြောင်း၊ နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားသုံးငွေလဲလှယ်ရောင်းဝယ်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က(ခ)အရ လည်းကောင်း၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈(က)အရလည်းကောင်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ နှင့် ၄၂ အရသော်လည်းကောင်း တရားစွဲ အရေးယူနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

၆။      မိဘပြည်သူများအနေဖြင့်လည်း နိုင်ငံခြားငွေ အမှန်တကယ်လိုအပ်ချက်များရှိပါက အထက်ဖော်ပြပါ အထူးအစီအစဉ်ဖြင့် နိုင်ငံခြားငွေရောင်းချပေးနေသော ငွေလဲကောင်တာများတွင် ဝယ်ယူကြပါရန်နှင့် မဟုတ်မမှန် သတင်းထုတ်လွှင့်ပြီး နိုင်ငံခြားငွေကြေး ဈေးကစားသူများ၏ ပြောကြားချက်/ထုတ်ပြန်ချက်များကို မယုံကြည်ကြပါရန်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ https://www.cbm.gov.mm/ ရှိ News & Announcements တွင် နေ့စဉ် Online Trading Rate ကို ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းနှင့် ဘဏ်များနှင့် တရားဝင်ငွေလဲ ကောင်တာများတွင်သာ နိုင်ငံခြားသုံးငွေများကို လဲလှယ်ရောင်းဝယ်သွားကြရန် တိုက်တွန်းအပ်ပါသည်။