၂၀၂၄ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်

၂၀၂၄ ခုနှစ် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်

ပဲခူး   မတ်  ၁၅

 

ပဲခူးမြို့ မြို့တော်ခန်းမ၌ မတ်လ ၁၅ ရက်နံနက်ပိုင်းက ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ အခမ်းအနား ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက   ယနေ့ကမ္ဘာကြီးသည် ခေတ်မီဖွံ့ဖြိုး တိုးတက်လာသည်နှင့် အမျှလူတို့၏    နေထိုင်စားသောက်မှုပုံစံများ ပြောင်းလဲတိုးတက်လာပြီး အလွယ်တကူ အသင့်စား စားသောက်ကုန်ပစ္စည်းများအား တာရှည်ခံစေရန်၊ အနံ့အရသာပြည့်စုံစေရန် ဦးစားပေးကာ တရားမဝင်ဓာတုဆေးဝါးများ၊ ဓာတုဆိုးဆေးများ အသုံးပြု ထုတ်လုပ်လာသဖြင့်   စားသုံးသူပြည်သူများ အရွယ်မတိုင်မီ ရောဂါစွဲကပ်ခြင်းနှင့် နာတာရှည်ရောဂါများဖြစ်ပွားမှု   တိုးတက်လာပြီး   လူ့စွမ်းအားအရင်းအမြစ်များ ပျက်စီးဆုံးရှုံးမှုကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်လာကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်တချို့၏ ဝိသမလောဘကြောင့် စားသုံးသူပြည်သူများ   ဘေးအန္တရာယ်ဖြစ်ပွားမှုကို ကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေး ဥပဒေများကို ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း၊ စားသုံးသူများသည်   ကမ္ဘာပေါ်တွင်  စီးပွားရေးအရ အင်အားအကြီးဆုံးဖြစ်ပြီး ၎င်းအုပ်စု၏  လိုလားချက်အသံများကို အလေးထား နိုင်ရန်အတွက် မတ်လ ၁၅ ရက်ကို စားသုံးသူအခွင့်အရေးများနေ့အဖြစ် သတ်မှတ်ခဲ့ရခြင်း ဖြစ်ကြောင်း၊    ယနေ့ လူဦးရေ တိုးတက်များပြားလာသည်နှင့်အမျှ စွမ်းအင်ဆိုင်ရာ ဝန်ဆောင်မှုများကို အသုံးပြုမှု များပြား လာခြင်းနှင့်အတူ သန့်ရှင်းသော စွမ်းအင်ကို အသွင်ကူးပြောင်းသုံးစွဲကြခြင်းဖြင့် သန့်ရှင်းသော စွမ်းအင် ပြောင်းလဲ သုံးစွဲခြင်းနှင့်အတူ  စွမ်းအင်များအလဟဿ မဖြစ်စေရေး သုံးစွဲကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

  ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် Video Clip အား ကြည့်ရှုခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကာ ပြခန်းအတွင်း ပြသထားသည့် စားသုံးသူအခွင့်အရေးဆိုင်ရာ  အသိပညာပေးပြခန်းအား လှည့်လည်ကြည့်ရှု ခဲ့ကြောင်း  သိရသည်။           

  (၄၀၁)၊ တင်စိုး(ပဲခူး)