အက်ဖ်အေဖလားကွာတားဖိုင်နယ် စပိန်လာလီဂါပွဲစဉ် (၂၉) နှင့် ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၂၆) ပွဲကြိုသုံးသပ်ချက်

အက်ဖ်အေဖလားကွာတားဖိုင်နယ် စပိန်လာလီဂါပွဲစဉ် (၂၉) နှင့် ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၂၆) ပွဲကြိုသုံးသပ်ချက်

မန်စီးတီး      Vs      နယူးကာဆယ်

ကစားမည့်ရက်/အချိန်

(၁၆-၃-၂၀၂၄ ည ၁၂း၀၀နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          နယူးကာဆယ်       ၂        -        ၃       မန်စီးတီး

          နယူးကာဆယ်       ၁       -        ဝ       မန်စီးတီး

   မန်စီးတီး       ၁   -        ဝ       နယူးကာဆယ်

နောက်ဆုံးသုံးပွဲအနိုင်၊ အရှုံးအခြေအနေ

မန်စီးတီး      အိမ်(နိုင်)      အိမ်(နိုင်)      ဝေး(သရေ)

နယူးကာဆယ်       ဝေး(သရေ)  အိမ်(နိုင်)      ဝေး(ရှုံး)

မန်စီးတီးအသင်းက  အိမ်ကွင်းမှာ  နောက်ဆုံး ရှုံးနိမ့်ခဲ့တာကတော့ ၂၀၂၂ ခုနှစ် မေလ ၂၈ ရက် က ဘရန့်ဖို့ဒ်အသင်းကို ၁ ဂိုး - ဂိုးမရှိနဲ့  ရှုံးနိမ့် ပြီးနောက် တစ်နှစ်ကျော်ကြာ အိမ်ကွင်းရှုံးပွဲမရှိသေး ပါဘူး။   မန်စီးတီးအသင်းက    ဒီဘောလုံးရာသီ အိမ်ကွင်း ၁၈ ပွဲမှာ ၁၄ ပွဲအနိုင်ရရှိထားပြီး  လေးပွဲ သရေရလဒ် ထွက်ပေါ်ထားတဲ့အထိ   အိမ်ကွင်းစွမ်း ဆောင်ရည်ပိုင်းက    အကောင်းဆုံးပုံစံမှာရှိနေပါ တယ်။ ဒါပေမဲ့ မန်စီးတီး အသင်းကွင်းလယ်ပိုင်းမှာ အဓိကကွင်းလယ်ကစားသမား ဒီဘရိုင်းပေါင်ခြံ ဒဏ်ရာရရှိနေလို့ ပါဝင်ကစားနိုင်ဖို့မသေချာတာ

ကို  သတိထားရမှာပါ။  လက်ရှိ မန်စီးတီးအသင်းရဲ့ ခြေစွမ်းပိုင်းကလည်း အိမ်ကွင်းမှာ နယူးကာဆယ် အသင်းကို ပွဲချိန်တစ်လျှောက်လုံး အကောင်းဆုံးပုံစံနဲ့ ဖိအားပေးကစားနိုင်မှာပါ။ ဟာလန်းနဲ့ အယ်ဗာ ရက်ဇ်ဦးဆောင်တဲ့ မန်စီးတီးအသင်း တိုက်စစ်ပိုင်းက အကောင်းဆုံးပုံစံမှာရှိနေပြီး ဂိုးသွင်းအားကောင်းနေ လို့  နယူးကာဆယ် အသင်းခံစစ်ကစားသမားတွေ အတွက်   ထိန်းချုပ်ရခက်ခဲနေမှာပါ။     ပြီးရင် ကွာတားဖိုင်နယ် အဆင့်ရောက်ပြီ ဖြစ်လို့   မန်စီးတီး  အသင်းအမှားခံမှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့ဘောလုံးရာသီကနဲ့ ပြောင်းပြန်ဖြစ်နေတဲ့ နည်းပြအက်ဟိုဝီရဲ့ နယူးကာဆယ်အသင်းကတော့ ဒီဘောလုံးရာသီမှာ  ပုံစံကောင်းတွေပျောက်ဆုံးပြီး ရုန်းကန်နေရပါတယ်။   နယူးကာဆယ်အသင်းက  ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း အဝေးကွင်းပွဲစဉ် တွေမှာဆိုရင် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ အဝေးကွင်း ၁၄ ပွဲကစားပြီးချိန်မှာ နိုင်ပွဲ သုံးပွဲသာ ရှိခဲ့ပြီး နှစ်ပွဲသရေရလဒ်နဲ့  ကိုးပွဲရှုံးနိမ့်ထားလို့ အဝေး ကွင်းစွမ်းဆောင်ရည်ပိုင်း အဆိုးရွားဆုံး အသင်းတွေထဲမှာ  ပါဝင်နေပါတယ်။  နယူးကာဆယ်အသင်း ခံစစ်ပိုင်းကလည်း ၁၄ ပွဲမှာ ခံစစ်ပိုင်းက ၃၂ ဂိုးအထိ ပေးထားရပြီး ခံစစ်ပိုင်းစွမ်းဆောင်ရည်က အတော် လေးကိုကျဆင်းနေလို့  မန်စီးတီးအသင်းတိုက်စစ် ပိုင်းကို ပွဲချိန်ပြည့်ထိန်းချုပ်ဖို့အတွက် မဖြစ်နိုင်လောက် ပါဘူး။ နယူးကာဆယ်အသင်းက နောက်ဆုံးကစားခဲ့တဲ့ ငါးပွဲမှာလည်း ဝုဗ်အသင်းတစ်သင်းတည်းကို သာ အနိုင်ရရှိထားပြီး နှစ်ပွဲရှုံးနိမ့်ကာ နှစ်ပွဲသရေ ရလဒ်ထွက်ပေါ်ထားတဲ့အထိ ခြေစွမ်းပိုင်း ကျဆင်း နေပါတယ်။

ဒီနှစ်သင်း   ထိပ်တိုက်တွေ့ဆုံမှုအပိုင်းမှာလည်း မန်စီးတီးအသင်းက  ၂၄  ကြိမ်  အနိုင်ရရှိထားပြီး နယူးကာဆယ် အသင်းကတော့ သုံးကြိမ်သာနိုင်ပွဲ ပြန်လည်ရရှိခဲ့ကာ သုံးကြိမ်သရေရလဒ်ထွက်ပေါ် ထားလို့  မန်စီးတီး အသင်းက  အသာစီးမှာရှိနေပါတယ်။   လက်ရှိခြေစွမ်းပိုင်းအရလည်း   မန်စီးတီး အသင်းက အသာစီးမှာရှိနေလို့ မန်စီးတီးအသင်း ပဲအနိုင်ရယူပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက် သွားမှာပါ။

ခန့်မှန်းရလဒ်-မန်စီးတီး ၂ - ၀ နယူးကာဆယ်

          ဘီလ်ဘာအို  Vs      အလာဗက်

ကစားမည့်ရက်/အချိန်

(၁၇-၃-၂၀၂၄ နံနက် ၀၂း၃၀နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          ဘီလ်ဘာအို  ၂        -        ဝ       အလာဗက်

          အလာဗက်   ဝ       -        ၂        ဘီလ်ဘာအို

          အလာဗက်   ဝ       -        ဝ       ဘီလ်ဘာအို

နောက်ဆုံးသုံးပွဲအနိုင်၊ အရှုံးအခြေအနေ

ဘီလ်ဘာအို  အိမ်(နိုင်)      အိမ်(သရေ)  ဝေး(နိုင်)

အလာဗက်   အိမ်(သရေ)  ဝေး(ရှုံး)       အိမ်(နိုင်)

ဒီဘောလုံးရာသီ  အကောင်းဆုံးပုံစံမှာရှိနေပြီး ရလဒ်တွေဆက်တိုက်ကောင်းမွန်နေတဲ့ ဘီလ်ဘာအို အသင်းက  ချန်ပီယံလိဂ်ဝင်ခွင့်အတွက်  မျှော်လင့် ချက်ရှိနေသေးလို့  အိမ်ကွင်းမှာ  ရမှတ်ပြည့်ရရှိဖို့ အမှားခံမှာမဟုတ်ပါဘူး။    ဘီလ်ဘာအိုအသင်းက အဆင့် (၅) နေရာမှာ ရပ်တည်နေတယ်ဆိုပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့်ဖြစ်တဲ့  အဆင့်  (၄)  နေရာက အက်သလက်တီကိုအသင်းနဲ့   ရမှတ်နှစ်မှတ်သာကွာဟလို့  မျှော်လင့်ချက်ရှိနေဆဲပါ။ ဘီလ်ဘာအို အသင်းက ဒီဘောလုံးရာသီ အိမ်ကွင်း ၁၄ ပွဲကစား ပြီးချိန်မှာ ၁၀ ပွဲအနိုင်ရထားပြီး သုံးပွဲသရေရလဒ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းတစ်သင်းတည်းကိုသာ ရှုံး နိမ့်ထားပါတယ်။ ဘီလ်ဘာအိုအသင်း တိုက်စစ်ပိုင်း ကလည်း အိမ်ကွင်း ၁၄ ပွဲမှာ ၃၄ ဂိုးအထိ သွင်းယူထားလို့ ဂီရိုနာအသင်းပြီးရင် အိမ်ကွင်းတိုက်စစ်ပိုင်း စွမ်းဆောင်ရည် အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေလို့ အလာဗက်အသင်းခံစစ်ပိုင်းကို ကောင်းကောင်း ဖိအားပေး ကစားနိုင်မှာပါ။

အလာဗက်အသင်းကတော့ နောက်ဆုံးကစားခဲ့တဲ့ငါးပွဲမှာ  ဗယ်လ်ကာနို အသင်းတစ်သင်းတည်း ကိုသာအနိုင် ရရှိထားပြီး သုံးပွဲသရေနဲ့ တစ်ပွဲရှုံးနိမ့် ထားလို့ ခြေစွမ်းပိုင်းက ပုံမှန်အနေအထားအောက် ရောက်ပြီး ရုန်းကန်နေရပါတယ်။ အလာဗက်အသင်း က ဘီလ်ဘာအိုအသင်းနဲ့ တွေ့ဆုံတဲ့ပွဲစဉ်တိုင်း ရလဒ် ဆိုးရွားလေ့ရှိပြီး နောက်ဆုံးအကြိမ်အနိုင်ရရှိခဲ့တာ ကတော့ ၂၀၂၁ ခုနှစ်ကဖြစ်လို့ ဘီလ်ဘာအိုအသင်း ကို  အနိုင်ရရှိခဲ့တာက  လေးနှစ်လောက်ရှိနေပါပြီ။ ဒီဘောလုံးရာသီ အလာဗက်အသင်းရဲ့ အဝေးကွင်း စွမ်းဆောင်ရည်ပိုင်းကလည်း ဆိုးရွားနေပြီး အဝေးကွင်း ၁၄ ပွဲကစားပြီးချိန် နှစ်ပွဲသာအနိုင်ရရှိပြီး ငါးပွဲ သရေရလဒ်နဲ့ ခုနစ်ပွဲရှုံးနိမ့်ထားလို့ တန်းဆင်းဇုန်က အသင်းတွေပြီးရင်  အဝေးကွင်းစွမ်းဆောင်ရည်ပိုင်း ဆိုးရွားတဲ့အသင်းတစ်သင်းအဖြစ် ရပ်တည် နေပါတယ်။

ဒီနှစ်သင်းထိပ်တိုက်တွေ့ဆုံမှုအပိုင်းမှာ ဘီလ်ဘာ အိုအသင်းက ရှစ်ကြိမ်အနိုင်ရရှိထားပြီး အလာဗက် အသင်းကတော့ လေးကြိမ်ပြန်လည်အနိုင်ရရှိခဲ့ကာ ခြောက်ကြိမ်     သရေရလဒ်ထွက်ပေါ်ထားပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းနဲ့  စွမ်းဆောင်ရည်ပိုင်းမှာတော့ ဘီလ်ဘာအိုအသင်းက အသာစီးမှာရှိနေလို့ အခုပွဲစဉ် မှာ ဘီလ်ဘာအို အသင်းပဲ   အနိုင်သုံးမှတ် ရယူသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ်         -ဘီလ်ဘာအို          ၂        -        ၁ အလာဗက်

          ဟော့ဖန်ဟိန်း        Vs      စတုဂတ်

ကစားမည့်ရက်/အချိန်

(၁၆-၃-၂၀၂၄ ည ၁၂း၀၀နာရီ)

နောက်ဆုံးသုံးပွဲတွေ့ဆုံမှုရလဒ်

          စတုဂတ်      ၂        -        ၃       ဟော့ဖန်ဟိန်း

          စတုဂတ်      ၁       -        ၁       ဟော့ဖန်ဟိန်း

          ဟော့ဖန်ဟိန်း        ၂        -        ၂        စတုဂတ်

နောက်ဆုံးသုံးပွဲအနိုင်၊ အရှုံးအခြေအနေ

ဟော့ဖန်ဟိန်း        ဝေး(နိုင်)      အိမ်(နိုင်)      ဝေး(ရှုံး)

စတုဂတ်      အိမ်(သရေ)  ဝေး(နိုင်)      အိမ်(နိုင်)

ဟော့ဖန်ဟိန်းအသင်းက အသင်းလိုက်ကစားပုံ တည်ငြိမ်မှုရှိတဲ့အသင်းတစ်သင်းဆိုပေမယ့် နောက် ပိုင်းပွဲစဉ်တွေမှာတော့   ခြေစွမ်းပိုင်းမတည်မငြိမ် ဖြစ်နေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ငါးပွဲမှာ နှစ်ပွဲ သာ အနိုင်ရရှိပြီး နှစ်ပွဲရှုံးနိမ့်ကာ တစ်ပွဲသရေရလဒ် ထွက်ပေါ်ထားလို့  ခြေစွမ်းပိုင်း အတတ်အကျမမှန် ဘူးဖြစ်နေပါတယ်။  ဟော့ဖန်ဟိန်းအသင်းက   ဒီ ဘောလုံးရာသီမှာ  အဝေးကွင်းထက်  အိမ်ကွင်းပွဲ စဉ်တွေမှာ ပိုပြီးရုန်းကန်နေရပြီး အိမ်ကွင်း ၁၂ ပွဲ ကစားပြီးချိန်မှာ သုံးပွဲသာအနိုင်ရရှိပြီး လေးပွဲသရေ ရလဒ်နဲ့ ငါးပွဲရှုံးနိမ့်ထားလို့ တန်းဆင်းဇုန်ကအသင်း တွေပြီးရင်  အိမ်ကွင်းစွမ်းဆောင်ရည်ပိုင်း  အဆိုးဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။   ဟော့ဖန်ဟိန်း အသင်းက အိမ်ကွင်းဆိုရင် ခံစစ်ပိုင်းကလည်း အမှားအယွင်းများနေပြီး ၂၁ ဂိုးအထိပေးထားရလို့  တန်းဆင်းဇုန်မှာ ရပ်တည်နေတဲ့အသင်းတွေထက်တောင် ခံစစ်ပိုင်းစွမ်းဆောင်ရည်က ဆိုးရွားနေပါတယ်။

စတုဂတ်အသင်းကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ ခြေစွမ်းပိုင်းက အကောင်းဆုံးပုံစံ ပြန်လည်ရရှိနေပြီး  နောက်ဆုံးကစားခဲ့တဲ့  ငါးပွဲမှာ  လေးပွဲအနိုင်ရထားပြီး တစ်ပွဲသရေရလဒ်ထွက်ပေါ်ထားပါတယ်။ ဂူရီ ယာဆီဦးဆောင်နေတဲ့ စတုဂတ်အသင်းတိုက်စစ်ပိုင်း ကလည်း အကောင်းဆုံးပုံစံမှာရှိနေလို့ အမှားအယွင်း များနေတဲ့ ဟော့ဖန်ဟိန်းအသင်းခံစစ်ပိုင်းကို အကောင်း ဆုံးဖိအားပေးနိုင်မှာပါ။ စတုဂတ်အသင်းက  ချန်ပီယံ လိဂ်ဝင်ခွင့်အတွက်လည်း ဒေါ့မွန်အသင်း၊ လိုက်ပဇစ် အသင်းတို့နဲ့အားပြိုင်နေလို့ နောက်ပိုင်းပွဲစဉ်တွေမှာ အမှားမခံဘဲ   သေချာပြင်ဆင်ကစားလာတာကို   တွေ့ရပါတယ်။ စတုဂတ်အသင်းက အဆင့်  (၃) နေရာမှာ  ရပ်တည်နေပေမယ့်  အောက်ကအသင်းတွေနဲ့ ရမှတ်ကွာဟမှုနည်းလို့  ပွဲစဉ်တိုင်းကို အမှားခံ လို့မရပါဘူး။

ဒီနှစ်သင်းတွေ့ဆုံမှုအပိုင်းမှာ စတုဂတ်အသင်းက ကိုးကြိမ်အနိုင်ရရှိထားပြီး ဟော့ဖန်ဟိန်းအသင်းက လည်း ရှစ်ကြိမ်ပြန်လည်အနိုင်ရရှိခဲ့ကာ ခြောက်ကြိမ်  သရေရလဒ်ကြောင့် တွေ့ဆုံမှုအပိုင်းမှာတော့နှစ်သင်း စလုံးကွာခြားမှုမရှိပါဘူး။ ဒါပေမဲ့ လက်ရှိခြေစွမ်းပိုင်း အရတော့ စတုဂတ်အသင်းက အကောင်းဆုံးပုံစံမှာ ရှိနေလို့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အာရုံစိုက်လာ မယ့် စတုဂတ်အသင်းပဲနိုင်ပွဲရယူသွားပါလိမ့်မယ်။

ခန့်မှန်းရလဒ်-ဟော့ဖန်ဟိန်း ၂    - ၃ စတုဂတ်

          စပိန်လာလီဂါပွဲစဉ်(၂၉)

          မာယော့ကာ -        ဂရန်နာဒါ

          အိုဆာဆူနာ  -        ရီးယဲလ်မက်ဒရစ်

          ဂီတာဖေး     -        ဂီရိုနာ

ဂျာမန်ဘွန်ဒက်စ်လီဂါပွဲစဉ်(၂၆)

          ဒမ်စတက်      -      ဘိုင်ယန်မြူးနစ်

          ယူနီယံဘာလင်      -        ဝါဒါဘရီမင်

          ဝုဖ်ဘတ်      -        အော့စ်ဘတ်

          မိန့်    -        ဘိုချမ်

စည်သူအောင်