သမ္မတဒူတာတေလက်ထက် မူးယစ်ဆေးဝါးတိုက်ဖျက်မှုများအား စုံစမ်းစစ်ဆေးရန် ICC တွင် လုပ်ပိုင်ခွင့်အာဏာမရှိဟု ဖိလစ်ပိုင်ပြော

 

သမ္မတဒူတာတေလက်ထက် မူးယစ်ဆေးဝါးတိုက်ဖျက်မှုများအား စုံစမ်းစစ်ဆေးရန် ICC တွင် လုပ်ပိုင်ခွင့်အာဏာမရှိဟု ဖိလစ်ပိုင်ပြော

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂိုဒူတာ တေလက်ထက်တွင် အစိုးရက လုပ်ဆောင်သည့် မူးယစ်ဆေးဝါး တိုက်ဖျက်မှုများအား စုံစမ်းစစ်ဆေးရန် နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာတရားရုံး (ICC)တွင် လုပ်ပိုင်ခွင့် အာဏာမရှိကြောင်း ဖိလစ်ပိုင်သမ္မတရုံးက ထုတ်ပြန်သည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကို့စ်ဂျူနီယာသည် ဂျာမနီနိုင်ငံသို့ မတ်လ ၁၂ ရက်၌အလုပ် သဘောအရ အလည်အပတ်သွားရောက်စဉ် ယင်းနိုင်ငံဝန်ကြီးချုပ် အိုလက်ဖ်ရှို့နှင့် ဖိလစ်ပိုင်တွင် ယခင်အစိုးရကလုပ်ဆောင်ခဲ့ သည့် မူးယစ်ဆေးဝါးတိုက်ဖျက်မှုများအပေါ် ICC က စုံစမ်းစစ်ဆေးခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးစဉ် မာကို့စ်ဂျူနီယာက ဂျာမနီဝန်ကြီးချုပ်အား ပြောကြားခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတရုံးက မတ်လ ၁၃ ရက်နှောင်းပိုင်းတွင် ထုတ်ပြန်သည့်ကြေညာချက်၌ ဖော်ပြထားသည်။

မူးယစ်ဆေးဝါးတိုက်ဖျက်မှုအတွင်း ဖြစ်ပွားသည့် လူသေဆုံးမှုများနှင့် စပ်လျဉ်း၍ ဖိလစ်ပိုင်တရားရုံးများနှင့် တရားဥပဒေစိုးမိုးရေး အဖွဲ့များက ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိရာ နိုင်ငံပြင်ပမှ တရားရုံးတစ်ခုက နိုင်ငံ အတွင်းရှိ မည်သူ့ကိုစစ်ဆေးမည်၊ မည်သူ့ကို ဖမ်းဆီးမည်ဟု ဖိလစ်ပိုင်ရဲတပ်ဖွဲ့ဝင်များအား အမိန့်ပေး ညွှန်ကြားခြင်းကို ဖိလစ်ပိုင်အစိုးရ က လက်ခံမည်မဟုတ်ကြောင်း မာကို့စ်ဂျူနီယာက ဆက်လက် ပြောကြားခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေသည် ၎င်း၏မူးယစ်ဆေးဝါး တိုက်ဖျက်မှုများအပေါ် ICC က စုံစမ်းမေးမြန်းခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ယင်းအဖွဲ့ကြီးမှ တရားဝင်နုတ်ထွက်ခဲ့ပြီး ဖြစ်သည်။  ဂျာမနီနိုင်ငံသည်   ICC အား အများဆုံး ထောက်ပံ့ပေးနေသည့်နိုင်ငံ ဖြစ်ကြောင်း သိရသည်။

Ref: ST