ရန်ကုန်တိုင်းဒေသကြီးရှိ စာစစ်ဌာန ၇၃ ခုတွင် ဘောဂဗေဒ ဘာသာရပ်နှင့် ဇီဝဗေဒ ဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူ ၁၈၀၂၅ ဦး စိတ်အေးချမ်း ပျော်ရွှင်စွာဖြေဆို

 

ရန်ကုန်တိုင်းဒေသကြီးရှိ စာစစ်ဌာန ၇၃ ခုတွင် ဘောဂဗေဒ ဘာသာရပ်နှင့် ဇီဝဗေဒ ဘာသာရပ်တို့အား ကျောင်းသား၊ ကျောင်းသူ ၁၈၀၂၅ ဦး စိတ်အေးချမ်း ပျော်ရွှင်စွာဖြေဆို

 

ရန်ကုန်  မတ်  ၁၆

    ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စာစစ်ဌာန ၇၃ ခုတွင် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒ ဘာသာရပ်တို့အား   ယနေ့နံနက် ၉ နာရီတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုခဲ့ကြသည်။

ယနေ့ ဘာသာရပ်နှစ်မျိုး ဖြေဆိုသောနေ့တွင် ဘောဂဗေဒဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ ၉၈၉၉ ဦးဖြေဆိုခဲ့ပြီး ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျောင်းသူ တစ်ဦးနှင့် အင်းစိန်အကျဉ်းဦးစီး ဌာနရှိ အမှတ်(၁၃)အခြေခံပညာ အလယ်တန်းကျောင်း စာစစ်ဌာန၌ အကျဉ်းသားခုနစ်ဦးတို့က ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုခဲ့ကြသည်။ ရူပဗေဒဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ ၈၁၂၆ ဦးဖြေဆိုခဲ့ကြပြီး ကမာရွတ်မြို့နယ်နှင့် တာမွေမြို့နယ်တို့မှ ကျောင်းသူနှစ်ဦးတို့သည်  ဆေးရုံများမှ  ဖြေဆိုခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စာစစ်ဌာန ၇၃ ခုတွင် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒ ဘာသာရပ်တို့အား ဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ ၁၈၀၂၅ ဦးတို့သည်  ယနေ့တွင်လည်း ဘာသာရပ်များကို စိတ်အေးချမ်းပျော်ရွှင်စွာ   ဖြေဆိုခဲ့ကြသည်။ ၂၀၂၄ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲသည် Grade-12 သင်ရိုးသစ်၊ စနစ်သစ်ဖြင့် ဖြေဆိုရခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ သက်ဆိုင်ရာ ဘာသာရပ်များနှင့် မေးခွန်းပုံစံများကို သိရှိနားလည်စေရန် ဆရာ၊ ဆရာမများအား သင်တန်းများ ပို့ချပေးခဲ့သည့်နည်းတူ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ စာစစ်ဌာနတို့မှ ထုတ်ဝေသည့် Grade-12 သင်ရိုးသစ်နှင့် ပတ်သက်သည့် ဘာသာရပ်အလိုက် မေးခွန်းပုံစံများကိုလည်း ကျောင်းများ၌ လေ့ကျင့်သင်ကြားပေးခဲ့ရာ နွေရာသီ   ကျောင်းပိတ်ရက်တွင်လည်း သင်ရိုးသစ် ဘာသာရပ်များနှင့် စပ်လျဉ်း၍  ဆရာ၊ ဆရာမများအား မွမ်းမံသင်တန်းများ လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။