ဝန်ကြီးဌာနပိုင် အဆောက်အအုံများနှင့် သရက်စိုက်ခင်းများ၏ မီးတားလမ်းနှင့် ဝန်ထမ်းသက်သာပိုင် သရက်ပင်စိုက်ပျိုး ထားရှိမှုများကို ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကြည့်ရှုစစ်ဆေး

 

ဝန်ကြီးဌာနပိုင် အဆောက်အအုံများနှင့် သရက်စိုက်ခင်းများ၏ မီးတားလမ်းနှင့် ဝန်ထမ်းသက်သာပိုင် သရက်ပင်စိုက်ပျိုး ထားရှိမှုများကို ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကြည့်ရှုစစ်ဆေး

 

နေပြည်တော်   မတ်  ၁၆

    စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယမန်နေ့ညနေပိုင်းက ဝန်ကြီးဌာန ရုံးအဆောက်အအုံများ အတွက် မီးတားလမ်းဖောက်လုပ်ထားရှိမှုနှင့် သရက်ပင်စိုက်ပျိုးထားရှိမှု အခြေအနေများအား  ကြည့်ရှုစစ်ဆေးပြီး ယခုအချိန်ကာလသည် ပွင့်လင်းရာသီ  ရောက်ရှိလာပြီဖြစ်သည့် အတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ရေး အထူးအလေးထား ဆောင်ရွက်ကြရန်၊ ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှု မရှိစေရေးအတွက် အဆင့်ဆင့်သတိပေး ကြပ်မတ်ဆောင်ရွက်သွားရန်၊ သရက်စိုက်ခင်းများ စနစ်တကျပြုစုထိန်းသိမ်း၍ အထွက်နှုန်း တိုးအောင်စီမံ ဆောင်ရွက်ရန်နှင့် ထွက်ရှိလာမည့် သရက်သီးများ အလေအလွင့်မရှိစေရေး ကြပ်မတ်ဆောင်ရွက် သွားရန်တို့ကို မှာကြားသည်။

ဝန်ကြီးဌာနရှိ ဦးစီးဌာနများ၏ ဝန်ထမ်းသက်သာပိုင် သရက်ခြံများတွင်  စိန်တစ်လုံးသရက်ပင် ၁၂၁၃၅ ပင်နှင့် ပတ္တမြားငမောက် သရက်ပင်  ၇၀၀  စုစုပေါင်းသရက်ပင်  ၁၂၈၃၅ ပင် စိုက်ပျိုးထားပြီး အဆိုပါသရက်ခြံများမှ ရရှိသည့် သရက်သီး ရောင်းချငွေများဖြင့် ဝန်ထမ်းများ၏  သက်သာချောင်ချိရေး အတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။