ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသား)ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော်  မတ်  ၁၆

မျိုးဆက်သစ်ဘောလုံး အားကစားသမား များပေါ်ထွက်လာစေရန်နှင့် ဘောလုံးအား ကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ် အောက်ဘောလုံး(အမျိုးသား) ပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေး    ကွင်းအမှတ်(၁)နှင့် (၃)တို့တွင် ကျင်းပခဲ့ သည်။

ယနေ့ဘောလုံး(အမျိုးသား)အုပ်စုပတ်လည် ပြိုင်ပွဲပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်း အမှတ်(၁)တွင် ပဲခူးတိုင်းဒေသကြီး အသင်းနှင့် ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစား ခဲ့ရာ ရှမ်းပြည်နယ် အသင်းက ပဲခူးတိုင်းဒေသ ကြီးအသင်းကို ၅ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၃)တွင် ကရင်ပြည် နယ်အသင်းနှင့်  မန္တလေးတိုင်း ဒေသကြီး အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ရာ ကရင်ပြည်နယ် အသင်းက မန္တလေးတိုင်းဒေသကြီး အသင်း ကို ၂ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ   တာဝန်ရှိသူ များ၊ အားကစားဝါသနာရှင်များ လာရောက် ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၄ ခုနှစ် မတ်လ ၁၇ ရက်(ယနေ့) ညနေ ၃ နာရီတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုး သား) ပြိုင်ပွဲ  အုပ်စုပတ်လည်ပွဲစဉ်အဖြစ် လေ့ကျင့်ရေးကွင်းအမှတ်(၁)တွင် စစ်ကိုင်းတိုင်းဒေသကြီး အသင်းနှင့် ရန်ကုန်တိုင်းဒေသ ကြီးအသင်း၊ လေ့ကျင့်ရေးကွင်းအမှတ်(၃) တွင်  ဧရာဝတီတိုင်း ဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်း တို့ ဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှုအားပေးနိုင် ကြောင်း သိရသည်။