TTTC (ဘယ်လင်း)တွင် သင်တန်းသားများနှင့်တွေ့ဆုံ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ EV အလုပ်ရုံကို  ကြည့်ရှုစစ်ဆေး

 

TTTC (ဘယ်လင်း)တွင် သင်တန်းသားများနှင့်တွေ့ဆုံ၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ EV အလုပ်ရုံကို  ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  မတ်  ၁၆

    သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် မတ်လ၁၃ ရက် နံနက်ပိုင်းက နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင် ကောလိပ်(ဘယ်လင်း)တွင် တာဝန်ရှိသူများ၊ သင်တန်းသားများနှင့် တွေ့ဆုံ၍ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဌာနများတွင် အမှန်တကယ် အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံ့စီးပွား မြှင့်တင်ရေးဆိုင်ရာ MSMEs  များ၊ အထူးစီးပွားရေး ဇုန်များဖွံ့ဖြိုးရန်တို့ အတွက် ခေတ်မီနည်းပညာများ စနစ်တကျ အသုံးချနိုင်ပြီး အရည်အချင်းပြည့်ဝသော နည်းပညာရှင်များကို လိုအပ်သဖြင့် ဤကောလိပ်တွင် စွမ်းရည်မြှင့်တင်ရေး သင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ၂၀၁၁ ခုနှစ်မှ လက်ရှိအချိန်အထိ သင်တန်းသားဦးရေ ၉၅၃၉ ဦးအထိ လေ့ကျင့် သင်ကြားပေးခဲ့ပြီး ဖြစ်ကြောင်း ပြောကြားပြီး အဆိုပါကောလိပ်ကျောင်းအုပ်ကြီးနှင့် သင်တန်းသားများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်သည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည် လက်ဖက်ရည်ဝိုင်းတွင် သင်တန်းသားများကို တစ်ဦးချင်းရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ပြီး လိုအပ်ချက် တင်ပြမှုများကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ဆက်လက်၍    ဒုတိယဝန်ကြီးသည် အင်ဂျင်နီယာဌာနများတွင် သင်တန်းသားများ စိတ်ပါဝင်စားစွာ လေ့ကျင့်သင်ကြားနေကြသည်များကို လှည့်လည်ကြည့်ရှု အားပေး၍ သင်တန်းများမှ လေ့လာသိရှိခဲ့သည်များကို လုပ်ငန်းခွင်များတွင်  အကျိုးရှိရှိ အသုံးချကာ ဆင့်ပွားမျှဝေပေးရန်၊ ပြည်သူများ၏ အကျိုးစီးပွားအတွက် မိမိတို့၏ နည်းပညာစွမ်းရည်များဖြင့် အလုပ်အကျွေးပြုနိုင်ရေး အတွက် စဉ်ဆက်မပြတ် ဆန်းစစ်မွမ်းမံသွားရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် EV အလုပ်ရုံကို ကြည့်ရှုစစ်ဆေးကာ အမျိုးသားအဆင့်   လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းများကို   အရှိန်အဟုန်မပြတ် ဆောင်ရွက်သွားရန်၊  ယနေ့ခေတ်၌ ဖွံ့ဖြိုးပြောင်းလဲမှု မြန်ဆန်လျက်ရှိသော    EV နည်းပညာ အရွေ့များအတိုင်း အမီလိုက်ပါကာ   အရည်အသွေး စံနှုန်းများအတိုင်း ကျွမ်းကျင်တတ်မြောက်စေရေး  လေ့ကျင့်သင်ကြားပေးနိုင်ရေးနှင့် EV သုံးစွဲသူပြည်သူများအပါအဝင်  EV Stakeholders များ၏ လက်ဝယ်အရောက် သက်ဆိုင်ရာ EV နည်းပညာများကို   ထိရောက်ပီပြင်စွာ ဖြန့်ဝေပေးနိုင်ရေး အလေးထား ဆောင်ရွက်သွားရန်နှင့်   လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။