မတ်လအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ကမ္ဘာ့အဆင့်(၅၄)နှင့် အာဆီယံအဆင့်(၄)နေရာတွင် ရပ်တည်

 

မတ်လအတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ကမ္ဘာ့အဆင့်(၅၄)နှင့် အာဆီယံအဆင့်(၄)နေရာတွင် ရပ်တည်

 

ရန်ကုန်  မတ်  ၁၆

    ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ မတ်လ အတွက် လက်ရွေးစင် အမျိုးသမီးအသင်း များ၏ ကမ္ဘာ့အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့ရာ  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ကမ္ဘာ့အဆင့်(၅၄)နှင့် အာဆီယံအဆင့်(၄)နေရာတွင် ရပ်တည် ခဲ့ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း သည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ကစားနိုင်ခြင်း မရှိသည့်အတွက်  မတ်လ အတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက်တွင် အပြောင်းအလဲမရှိခဲ့ဘဲ ရမှတ် ၁၄၈၁ မှတ်ဖြင့် ကမ္ဘာ့အဆင့်(၅၄)နေရာတွင် ဆက်လက် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ မတ်လ အတွက် လက်ရွေးစင် အမျိုးသမီးအသင်း များ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များအရ အာဆီယံဇုန်တွင် ဗီယက်နမ် အမျိုးသမီး အသင်းက ကမ္ဘာ့အဆင့်(၃၇)ဖြင့် အာဆီယံ အဆင့်(၁)နေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး ဗီယက်နမ်အမျိုးသမီး အသင်းနောက်တွင် ဖိလစ်ပိုင်အမျိုးသမီးအသင်းက တစ်ဆင့် ကျဆင်းခဲ့ပြီး ကမ္ဘာ့အဆင့်(၃၉)ဖြင့် အာဆီယံ အဆင့်(၂)၊  ထိုင်းအမျိုးသမီး အသင်းက တစ်ဆင့်မြင့်တက်ခဲ့ပြီး ကမ္ဘာ့အဆင့်(၄၇)ဖြင့် အာဆီယံအဆင့်(၃)၊ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက ကမ္ဘာ့အဆင့်(၅၄)ဖြင့် အာဆီယံအဆင့်(၄)၊ လာအိုအမျိုးသမီး အသင်းက နှစ်ဆင့်ကျဆင်းခဲ့ပြီး ကမ္ဘာ့အဆင့် (၉၃)ဖြင့် အာဆီယံအဆင့်(၅)၊ မလေးရှား အမျိုးသမီးအသင်းက အပြောင်းအလဲမရှိခဲ့ဘဲ ကမ္ဘာ့အဆင့်(၉၆)ဖြင့် အာဆီယံအဆင့်(၆)၊ အင်ဒိုနီးရှား အမျိုးသမီးအသင်းက တစ်ဆင့်ကျဆင်းခဲ့ပြီး ကမ္ဘာ့အဆင့်(၁၀၉)ဖြင့် အာဆီယံ အဆင့်(၇)၊ ကမ္ဘောဒီးယားအမျိုးသမီးအသင်း က တစ်ဆင့်မြင့်တက်လာခဲ့ပြီး ကမ္ဘာ့အဆင့်(၁၁၅)ဖြင့် အာဆီယံအဆင့်(၈)၊ စင်ကာပူ အမျိုးသမီးအသင်းက   ကမ္ဘာ့အဆင့် (၁၃၇)ဖြင့် အာဆီယံအဆင့်(၉)နှင့် တီမော လက်စ်တေအမျိုးသမီးအသင်းက ကမ္ဘာ့အဆင့်(၁၅၉)ဖြင့် အာဆီယံအဆင့်(၁၀)နေရာတွင် ရပ်တည်လျက်ရှိနေပြီး  လက်ရှိအချိန်ထိ ဘရူနိုင်းအမျိုးသမီး အသင်းက ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ)၏ ကမ္ဘာ့အဆင့်သတ်မှတ် ခံရခြင်း မရှိသေးကြောင်း သိရသည်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ မတ်လ အတွက် လက်ရွေးစင် အမျိုးသမီးအသင်း များ၏ ကမ္ဘာ့အဆင့် သတ်မှတ်ချက်များအရ အာရှဇုန်တွင် ဂျပန်အမျိုးသမီး အသင်းက ကမ္ဘာ့အဆင့်(၇)ဖြင့် အာရှအဆင့်(၁)နေရာ တွင် ဆက်လက်ရပ်တည်လျက် ရှိနေကြောင်း  သတင်းရရှိသည်။