ယူကရိန်းရှိ အမေရိကန်၏ လေကြောင်းရန် ကာကွယ်ရေးစနစ် သုံးခုကို ရုရှားတိုက်ခိုက် ဖျက်ဆီး

 

ယူကရိန်းရှိ အမေရိကန်၏ လေကြောင်းရန် ကာကွယ်ရေးစနစ် သုံးခုကို ရုရှားတိုက်ခိုက် ဖျက်ဆီး

 

    ရုရှားတပ်ဖွဲ့များသည်  ယူကရိန်းနိုင်ငံအတွင်းရှိ အမေရိကန်၏ လေကြောင်းရန် ကာကွယ်ရေးစနစ် သုံးခုကို   တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက မတ်လ ၁၆ ရက်တွင် ထုတ်ပြန်သည်။

ရုရှားလက်နက်ကိုင်တပ်များသည်   ယူကရိန်းနိုင်ငံအတွင်း ဖြန့်ကြက်အသုံးပြုလျက်ရှိသည့် Patriot လေကြောင်းရန် ကာကွယ်ရေးစနစ်များကို      ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်ပြီး ယူကရိန်းတပ်များမှာလည်း စစ်သည်နှင့် လက်နက်ခဲယမ်းအများအပြား ဆုံးရှုံးခဲ့ကြောင်း ရုရှားပူးပေါင်းတပ်များ၏ အကြီးအကဲဖြစ်သူ အလက်ဇီကင်က ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုအီဂူအား ဆွေးနွေးပွဲ တစ်ခု၌ ပြောခြင်းဖြစ်သည်။

ထို့ပြင် ရုရှားတပ်များသည် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းကလည်း Vampire အတွဲလိုက်ပစ်ဒုံးများ တပ်ဆင်ထားသည့် ရွေ့လျားပစ်စင် တစ်ခု၊ ယူကရိန်းသို့ ပြည်ပနိုင်ငံများမှ ထောက်ပံ့ပေးထားသည့် အမြောက်စနစ် ၁၀ ခုကျော် အပါအဝင် လောင်စာဆီ ဂိုဒေါင်များနှင့် ခဲယမ်းများကိုပါ တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်သည့်     အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

ယူကရိန်းနိုင်ငံအား အမေရိကန်အပါအဝင် အနောက်နိုင်ငံများက  လက်နက်ခဲယမ်းများ ထောက်ပံ့ပေးလျက်ရှိကြောင်းသိရသည်။