ဆိုမာလီပင်လယ်ဓားပြများ၏ အပိုင်စီးခြင်းကို ခံခဲ့ရသည့် ကုန်တင်သင်္ဘောအား အိန္ဒိယရေတပ်သင်္ဘောက ကြားဖြတ်တားဆီး

 

ဆိုမာလီပင်လယ်ဓားပြများ၏ အပိုင်စီးခြင်းကို ခံခဲ့ရသည့် ကုန်တင်သင်္ဘောအား အိန္ဒိယရေတပ်သင်္ဘောက ကြားဖြတ်တားဆီး

 

    အိန္ဒိယရေတပ်မှ စစ်သင်္ဘောတစ်စင်းသည် ဆိုမာလီပင်လယ်ဓားပြများ၏  အပိုင်စီး ခြင်းကိုခံခဲ့ရသည့် ကုန်တင်သင်္ဘောတစ်စင်းအား ကြားဖြတ်တားဆီးခဲ့ကြောင်း ရေတပ်မှပြောရေးဆိုခွင့်ရှိသူ တစ်ဦးက မတ်လ ၁၆ ရက်တွင် ပြောသည်။

Ruen ဟုအမည်ပေးထားပြီး မော်လ်တာအလံလွှင့်ထူထားသည့်   အဆိုပါကုန်တင် သင်္ဘောအား အိန္ဒိယရေတပ်သင်္ဘောက ဆိုမာလီယာနိုင်ငံ အရှေ့ဘက်ကမ်းလွန်တွင် မတ်လ ၁၅ ရက်က ကြားဖြတ်တားဆီးခဲ့ခြင်း ဖြစ်ပြီး ပင်လယ်ဓားပြများအား လက်နက်ချရန်နှင့် သင်္ဘောပေါ်၌ ဓားစာခံအဖြစ် ဖမ်းဆီးခံရဖွယ် ရှိသူများအား ပြန်လွှတ်ပေးရန် ပင်လယ်ဓားပြများအား တောင်းဆိုခဲ့ကြောင်း သိရသည်။ သို့ရာတွင် ပင်လယ်ဓားပြများက ရေတပ်သင်္ဘောအား ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အိန္ဒိယရေတပ်က ထုတ်ပြန်သည်။

ပင်လယ်ဓားပြများသည်    Ruen ကုန်တင်သင်္ဘောအား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း၌ ပြန်ပေးဆွဲခဲ့ခြင်းဖြစ်ပြီး ယင်းသင်္ဘောကို ယခုရက်သတ္တပတ်အတွင်းက  ဘင်္ဂလားဒေ့ရှ် ကုန်တင်သင်္ဘောအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့ကြောင်း သိရသည်။အိန္ဒိယနိုင်ငံသည် ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် ၎င်းတို့၏ရေတပ်သင်္ဘော များကို ပင်လယ်နီအရှေ့ဘက်တွင် ယခုနှစ်ဇန်နဝါရီလမှ စတင်ဖြန့်ကြက်၍    စုံစမ်း စစ်ဆေးမှု အကြိမ်ပေါင်း ၂၅၀ကျော် လုပ်ဆောင်ခဲ့ပြီးဖြစ်သည်။