(၇၉)နှစ်မြောက်တပ်မတော်နေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာနှင့် ကန့်ဘလူမြို့နယ်၊ ကံရိုးကျေးရွာကြားရှိ ငြိမ်းချမ်းရွှေပြည် မူးမြစ်ကူး တံတားဖွင့်ပွဲပြုလုပ်

 

(၇၉)နှစ်မြောက်တပ်မတော်နေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာနှင့် ကန့်ဘလူမြို့နယ်၊ ကံရိုးကျေးရွာကြားရှိ ငြိမ်းချမ်းရွှေပြည် မူးမြစ်ကူး တံတားဖွင့်ပွဲပြုလုပ်

 

နေပြည်တော်၊ ၂၀၂၄ မတ် - ၁၇

    (၇၉)နှစ်မြောက်တပ်မတော်နေ့ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရေဉီးခရိုင်၊ တန့်ဆည်မြို့နယ်၊ မူးခွအုပ်စု၊ မူးခွကျေးရွာနှင့် ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ်၊ ခါးတောက်ရင်းအုပ်စု၊ ကံရိုးကျေးရွာကြားရှိ ငြိမ်းချမ်းရွှေပြည် မူးမြစ်ကူးတံတား ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတံတား၌ပြုလုပ်ရာ ကန့်ဘလူမြို့နယ်မှ ဆရာတော် ဦးဝါသဝ၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ကန့်ဘလူခရိုင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက် ဖွင့်လှစ်ကြသည်။

       အဆိုပါ တံတားကြီးသည် တံတားအရှည် (၆၅၀)ပေ၊ အရှေ့ဘက် ချဉ်းကပ်လမ်း(၁၁၅၀)ပေ၊ အနောက်ဘက်ချဉ်းကပ်လမ်း(၂၀၀)ပေ၊ တံတားအခန်း ရေအတွက်(၅၄)ခန်း တစ်ခန်းလျှင် (၁၂)ပေ၊ ယာဉ်သွားလမ်းအကျယ်ပေ (၁၂)ပေ ခွဲရှိသောသစ်သား တံတားအမျိုးအစားဖြစ်ပြီး တံတားအမြင့်ပေ ရေပြင်မှ ကြမ်းခင်းအထက်(၁၀)ပေခန့်ရှိကြောင်း သိရှိရသည်။ ထိုသို့ ငြိမ်းချမ်းရွှေပြည် မူးမြစ်ကူးတံတားဖွင့်လှစ်ခဲ့ခြင်းကြောင့် ဒေသအတွင်း ကုန်စည်စီးဆင်းမှုနှင့် သွားလာရေး လွယ်ကူလျင်မြန်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် လာမည် ဖြစ်သည်။ အဆိုပါ တံတားဖွင့်ပွဲသို့ တက်ရောက်လာကြသူ များအား စားသောက်ဖွယ်ရာများ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။