ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

 

ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားကျင်းပ

 

နေပြည်တော်၊ မတ် - ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဥဿာမြို့သစ်၊ ပဲခူးတက္ကသိုလ်အနီး၌ တည် ထားပူဇော်သည့် နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိသော ရှေးမင်းများအဆက်ဆက် သူတော်ကောင်းများအဆက်ဆက် တည်ထားကိုးကွယ်တော်မူခဲ့သည့် ရှေးဟောင်း သမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာ စိန်ဖူးတော်၊ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာ မင်္ဂလာအခမ်းအနားကို သာသနာတော်နှစ် ၂၅၆၇ ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ သန်လျင် မင်းကျောင်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီး ဒေါ်ကြူကြူလှ နှင့် မိသားစုဝင်များ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး  ရဲဝင်းဦးနှင့် ဇနီး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်ဇနီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ညိုစောနှင့်ဇနီး၊ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းဒေသ ကြီးဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ တောင်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင်အလှူရှင်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့သည် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးသို့ ရောက်ရှိကြ ပြီး စေတီတော်မြတ်ကြီး တောင်ဘက်မုခ်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော် ကြည် ညို၍ မြသပိတ်ဆွမ်းတော်နှင့် ပန်း၊ ရေချမ်း၊ ဆီမီးတို့ကို ဆက်ကပ်လှူဒါန်းသည်။

ထို့နောက် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး ရတနာ စိန်ဖူးတော်၊ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာ မင်္ဂလာအခမ်းအနားများကို စတင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြ သူများက ပဲခူးမြို့၊ ကြခတ်ဝိုင်းစာသင်တိုက် ဦးစီး ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ဉေယျဓမ္မာဘိဝံသ ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး ဥပါသကာ များက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို သံဃာတော်များထံ ဆက် ကပ်သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို ယူဆောင်၍ စေတီတော် ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင် တားဆီးကာရံကြသည်။

၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဇနီးနှင့် မိသားစုဝင်များက သဗ္ဗညုဘုရားရှင်အား ရည်မှန်းထား၍ ရတနာစိန်ဖူးတော်၊ ဌာပနာတော်နှင့် လှူဖွယ်ပစ္စည်းများကို သန်လျင်မင်းကျောင်း ဆရာတော်ကြီးထံ လည်းကောင်း၊ မိသားစုဝင်များက ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်းများကို ပဲခူးမြို့၊ မြို့မဆရာတော်ကြီးထံသို့လည်းကောင်း သာဟတ္ထိကဒါနမြောက် ဆက်ကပ် လှူဒါန်းပူဇော်ကြသည်။

ဆက်လက်ပြီး ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် အခမ်းအနား တက်ရောက်လာကြသူများက လှူဖွယ်ပစ္စည်းများအား သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် သန်လျင်မင်းကျောင်းဆရာတော်ကြီးထံမှ အနုမောဒနာတရားနာယူ ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်ဇနီး၊ မိသားစုဝင်များ၊ အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကာ မဟာမင်္ဂလာမဏ္ဍပ်တော်ကြီးရှေ့ရှိ ခေတ္တအပူဇော်ခံနေရာသို့ ပို့ဆောင်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီးနှင့် မိသားစုဝင်များ၊ အဖွဲ့ဝင်များ၊ အခမ်းအနား တက်ရောက်လာကြသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူလူထုတို့က မင်္ဂလာကြိုး ဆွဲ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော် အထွတ်သို့ ပင့်ဆောင်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို စေတီတော် အထွတ် ၌ တင်လှူပူဇော်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကြသည်။ တစ်ချိန်တည်းတွင် ကောင်စီအတွင်းရေးမှူး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ပဲခူးတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများက အရံစေတီတော်များအား စိန်ဖူးတော် များကို တင်လှူပူဇော်ပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်းကြသည်။ ၎င်းနောက် နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီး အား ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်း ဖြိုးကြသည်။

ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါ ဘိသိတ်သွန်းတော်မူကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မဟာမင်္ဂလာ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့က မင်္ဂလာမော်ကွန်းကျောက်စာတော်အား ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်း ဖွင့်လှစ်ပြီး ခေါင်းလောင်းတော်အား ကိုးချက်ထိုးခတ်ပူဇော်၍ မေတ္တာပြုသည်။ ယင်း နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရှေး ဟောင်းသမိုင်းဝင် ကျိုက်ပညာယျစေတီတော်မြတ်ကြီး၏ ဧည့်သည်တော် မှတ်တမ်း စာအုပ်တွင် မှတ်တမ်းတင်လက်မှတ်ရေးထိုးပူဇော်သည်။ ၎င်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး တို့က တံခွန်တိုင် ပရိတ် နံ့သာရည်များပက်ဖြန်း၍ ဖွင့်လှစ်ပေးသည်။

အခမ်းအနားများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကာ တက်ရောက်လာကြသည့် ဧည့်သည် တော်များအား စတုဒီသာမဏ္ဍာပ်များအတွင်း၌ နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြ သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့် ဇနီး တို့သည် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီး ရတနာ စိန်ဖူးတော်၊ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာ မင်္ဂလာအခမ်းအနားများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည့် အထောက်အကူပြုအဖွဲ့များနှင့် ပရဟိတအသင်းအဖွဲ့များအား ချီးမြှင့်ငွေများ ပေးအပ် ချီးမြှင့်သည်။

အဆိုပါ  ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးသည် လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ခန့် သာသနာသက္ကရာဇ် ၁၄၇၆ ခုနှစ်၊ ကောဇာသက္ကရာဇ် ၂၉၄ ခုနှစ် ပဲခူး ဟံသာဝတီခေတ်တွင် ထီးနန်းစိုးစံခဲ့ကြသည့်  သမလမင်းဆက် (၁၇) ဆက်အနက် အဋ္ဌမမြောက် မွန်မင်းဆက်ဖြစ်သည့် ဂိဇ္ဈဓိယမင်းနှင့် မိဖုရားတို့ တည် ထားကိုးကွယ်ခဲ့သည့် ကျိုက်ပညာယျ၊ ကျိုက်ပုညယျ၊ ကျိုက်မာလာယျ စေတီတော် မြတ်များအနက် ဉာဏ်တော်အမြင့်ဆုံးစေတီဖြစ်ကြောင်း၊ စေတီတော်များရှိ ဌာပနာ တိုက်များအတွင်း ရှေးမင်းအဆက်ဆက်တို့ ကိုးကွယ်တော်မူခဲ့သော မြတ်စွာဘုရားရှင် ၏ သရီရဓာတ်တော်များ၊ အများပြည်သူတို့ လှူဒါန်းသည့် ရွှေ၊ ငွေ၊ ကျောက်သံ ပတ္တမြားများကို ထည့်သွင်းပူဇော်တည်ထားခဲ့ရာ သာသနာသက္ကရာဇ် ၁၄၈၀၊ ကောဇာ သက္ကရာဇ် ၂၉၈ ခုနှစ်တွင် တည်ထားပြီးမြောက်တော်မူခဲ့ကြောင်း၊ ယင်းနောက် ခေတ်အဆက်ဆက်တွင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးယိုယွင်းခဲ့မှုများဖြစ်ပေါ်ခဲ့သ  ဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ဒေသခံပြည်သူများ၊ စေတနာရှင်အလှူရှင်များက ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့ကြကြောင်း၊ စေတီသုံးဆူအနက် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအား ဉာဏ်တော် အမြင့် ၂၀၄ ပေ၊ ထီးတော်အမြင့် ၄၃ ပေဖြင့် ပြန် လည်တင်လှူပူဇော်နိုင်ရေး ပဲခူးမြို့၊ ဓမ္မာလင်္ကာရကျောင်း အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဝိသုဒ္ဓ ဆရာတော်ကြီး အမှူးပြု၍ ၇ ရက်သားသမီးများ၏ စုပေါင်းလှူဒါန်းမှုဖြင့် မြန်မာသက္ကရာဇ် ၁၃၇၃ ခုနှစ်၊ တပေါင်း လပြည့်ကျော် ၁၄ ရက်၊ ခရစ်နှစ် ၂၀၁၂ ခုနှစ်၊ မတ်လ ၂၁ ရက်တွင် စတင် ဆောင် ရွက်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် စေတီတော်ကြီး ပြန်လည်တည်ထားကိုး ကွယ်ရေးလုပ်ငန်း များမှာ ခေတ္တရပ်ဆိုင်းခဲ့ရကြောင်း၊ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် စေတီတော်ကြီး ပြုပြင်မွမ်းမံ တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့ပြီး ခုနှစ်ရက်သားသမီး စေတနာရှင်အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ယနေ့တွင် ရှေးဟောင်းသမိုင်းဝင် ကျိုက်ပညာယျ စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားများကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း  သတင်းရရှိသည်။