ဒီမိုကရေစီထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဘလင်ကန် တောင်ကိုရီးယားသို့ ရောက်ရှိ

 

ဒီမိုကရေစီထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဘလင်ကန် တောင်ကိုရီးယားသို့ ရောက်ရှိ

 

    အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တို နီယိုဘလင်ကန်သည် တောင်ကိုရီးယား နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ဒီမိုကရေစီထိပ်သီး ဆွေးနွေးပွဲသို့  တက် ရောက်ရန် ယင်းနိုင်ငံသို့ မတ်လ ၁၇ ရက်တွင် ရောက်ရှိလာကြောင်း သိရသည်။

တောင်ကိုရီးယားတွင် မတ်လ ၁၈ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် ဒီမိုကရေစီထိပ်သီး ဆွေးနွေးပွဲသည် တတိယအကြိမ် ကျင်းပသည့် ထိပ်သီးဆွေးနွေးပွဲဖြစ်ပြီး ယင်းဆွေးနွေးပွဲ သည် မဟာမိတ်နိုင်ငံများနှင့် ဆက်ဆံရေးပိုမို ကောင်းမွန်တိုးတက်စေရေး လုပ်ဆောင်သည့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်၏ ကနဦး ဆောင်ရွက်ချက်လည်း ဖြစ်သည်။

အဆိုပါထိပ်သီး ဆွေးနွေးပွဲသို့  အစိုးရ အဖွဲ့မှ အရာရှိများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် လူမှုရေး အဖွဲ့အစည်းများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်၏ မဟာမိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြောက် ကိုရီးယား၏ နျူကလီးယားအန္တရာယ်မှ ကာကွယ်ရန်အတွက်ဟု ဆိုကာ အမေရိကန် က ၎င်းတို့၏တပ်ဖွဲ့ဝင် ၂၇၀၀၀ ခန့်ကို တောင်ကိုရီးယားတွင် ဖြန့်ကြက်ထားသည်။

ဘလင်ကန်သည် ၎င်း၏ ခရီးစဉ်အတွင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုတေး ယုနှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ မဟာမိတ်ဆက်ဆံ ရေးတိုးတက်စေရေး ဆက်လက် လုပ်ဆောင် ရန် ဆွေးနွေးမည်ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန် ထားကြောင်း သိရသည်။