ဝါရှင်တန်မြို့လယ်ကောင်၌ ပစ်ခတ်မှုဖြစ်ပွား ၊ လူနှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

 

ဝါရှင်တန်မြို့လယ်ကောင်၌ ပစ်ခတ်မှုဖြစ်ပွား ၊ လူနှစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

 

    အမေရိကန်ပြည်ထောင်စု ဝါရှင်တန် စီးတီးမြို့လယ်ကောင်၌ မတ်လ ၁၇ ရက် အစောပိုင်းက ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားရာ   လူနှစ်ဦးသေဆုံးပြီး  ငါးဦးဒဏ်ရာ ရရှိသွားကြောင်း ရဲတပ်ဖွဲ့က  ထုတ်ပြန်သည်။

ပစ်ခတ်မှုသည် ကနေဒီအပန်းဖြေစင်တာ အနီး၌ ဒေသစံတော်ချိန် နံနက် ၃ နာရီခန့် ကဖြစ်ပွားခြင်းဖြစ်ပြီး ကနဦးတွင် ပစ်ခတ်မှု ကြောင့် လူခုနစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းတို့အနက် နှစ်ဦးမှာ သေဆုံးသွားခြင်းဖြစ်ကြောင်း၊ သေနတ်သမားအား ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးလျက်ရှိကြောင်း မြို့တော်ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း မီဒီယာတစ်ခုက ဖော်ပြသည်။

သေနတ်သမားသည် အမျိုးသားတစ်ဦး ဖြစ်ပြီး အပြာရောင်ရှပ်အင်္ကျီ ဝတ်ဆင်ထားကာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် မြို့၏တောင်ဘက်သို့ ခြေလျင်ထွက်ပြေးသွား ကြောင်း သိရသည်။

ဝါရှင်တန်မြို့တွင် ၂၀၂၃ ခုနှစ်အတွင်း ကလည်း အကြမ်းဖက်မှု၊ အထူးသဖြင့် သေနတ်ဖြင့်ပစ်ခတ် တိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုများ မြင့်တက်ခဲ့ရာ ယင်းနှစ်သည် လူအသေအပျောက် အများဆုံး နှစ်ဖြစ်လာခဲ့သည်။   အဆိုပါမြို့တွင် သေနတ်ဖြင့် တိုက်ခိုက်မှုသည် ၅၅ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။