တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

တရားမဝင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ

 

နေပြည်တော်  မတ်  ၁၇

    တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မန္တလေးတိုင်း ဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက် ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ်လ ၁၄ ရက်တွင် မြစ်ငယ်-ထုံးဘိုတိုးဂိတ်အနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် FUDO လျှပ်စစ်ဒယ်နီအိုး (၁၁၂၆)  လုံး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၈၁၂၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Canter Truck  (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၀၀၀၀၀၀)ကို လည်းကောင်း၊ မတ်လ ၁၅ ရက်တွင်   မြစ်ငယ်-ထုံးဘို တိုးဂိတ်အနီး၌ မော်တော်ယာဉ်(၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် OSAKA လက်ကိုင်မီးအိမ်အလုံး(၄၅၀) အပါအဝင် ကုန်ပစ္စည်း(၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၁၆၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Isuzu Light Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၂၉၇၂၀၀၀)ကိုဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့် အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ မတ်လ ၁၅ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်း အဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ    ရွှေပြည်သာမြို့နယ်၊ သီရိမင်္ဂလာပတ်လမ်း၊ အမှတ်(၁၀၅၃)ရှိ ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Red Bull  အားဖြည့်အချိုရည် (၄၅၆) ဘူး၊ Spy Wine (Black) (၄၃၂) ပုလင်း၊ Maximus Beer (၅၅၂) ဘူးအပါအဝင် ကုန်ပစ္စည်း (၁၃)မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၃၅၄၅၀၀၀) ကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊  ဉာဏရပ်ကွက်၊ ခတ္တာလမ်း၊ အမှတ်(၂၁၀)ရှိ ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်   High Commisioner ဝီစကီ (၅၇၆)  ပုလင်း၊ Napol စီးကရက်အတောင့် (၅၀၀) အပါအဝင် ကုန်ပစ္စည်း (၁၉) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၈၁၈၀၀၀) ကိုလည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပေါင်းကူးဉာဏရပ်ကွက်၊ စံပယ်လမ်း၊  အမှတ်(7Q/B)ရှိဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့်  ပုစွန်တစ်ကောင်စားအုန်းဆီ (၁၈) လီတာပါ ဘူး (၂၀၀)၊ Spy Wine (၄၇၇၆) ပုလင်းအပါအဝင် ကုန်ပစ္စည်း(၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၃၃၁၄၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၆၇၇၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ်လ ၁၅ ရက်တွင် အကောက်ခွန် ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာ (၁)လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် တရုတ်နိုင်ငံထုတ် Shark Top Sun Solar PV Module အခု (၇၂၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၁၁၆၈၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး  အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ  အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ မတ်လ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၂)မှု၊     (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၆၅၃၂၉၀၀၀)ဖြစ်ကြောင်း   တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။