ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟယ်ရီကိန်း အသင်းနှင့် ပွဲဦးထွက် ဘောလုံးရာသီတွင် ၃၁ ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်

 

ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟယ်ရီကိန်း အသင်းနှင့် ပွဲဦးထွက် ဘောလုံးရာသီတွင် ၃၁ ဂိုးသွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်

 

ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟယ်ရီကိန်း သည်  ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်အဖြစ် ဒမ်စတက် အသင်းနှင့်  ဘိုင်ယန်မြူးနစ်အသင်းတို့ ကစားသည့် ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင် ပြီးနောက်      ဂျာမန်ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲသမိုင်း တစ်လျှောက် ပွဲဦးထွက် ဘောလုံးရာသီတွင် သွင်းဂိုး ၃၁ ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ပွဲစဉ် (၂၆)  အဖြစ် ကစားခဲ့သည့်  ဘိုင်ယန်မြူးနစ် အသင်းက  ဒမ်စတက် အသင်းကို ၅ ဂိုး- ၂ ဂိုးဖြင့်  အနိုင်ရရှိသော ပွဲစဉ်တွင်  ဟယ်ရီကိန်းက ပွဲချိန် ၄၅ မိနစ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂို;သွင်းယူနိုင်ပြီးနောက် ယခုဘောလုံးရာသီ  ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် သွင်းဂိုး ၃၁ ဂိုးအထိ ရှိလာကာ   မှတ်တမ်းကောင်း တစ်ရပ်ကို  ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

အသက်  ၃၀ အရွယ်  ဟယ်ရီကိန်းသည် ပြီးခဲ့ သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက  စပါးအသင်းမှ  ဘိုင်ယန်မြူးနစ် အသင်းသို့ ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီး အသင်းနှင့် ပွဲဦးထွက်ဘောလုံးရာသီတွင်ပင်    အကောင်းဆုံး ခြေစွမ်းပြနိုင်ကာ စံချိန်ကောင်းများစွာ ရရှိထားသူဖြစ်သည်။

ဟယ်ရီကိန်းသည်  ယခုဘောလုံးရာသီ  ဂျာမန် ဘွန်ဒက်စ်လီဂါပြိုင်ပွဲတွင် ၂၆ ပွဲပါဝင်ကစားထားပြီး သွင်းဂိုး ၃၁ ဂိုးသွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ခုနစ်ကြိမ် ပြုလုပ်ထားသည်။ ထို့ပြင် ပြိုင်ပွဲစုံ ၃၅ ပွဲ ကစားထား ပြီး ၃၇ ဂိုးသွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၁ ကြိမ် အထိပြုလုပ်ထားသည်။

ဟယ်ရီကိန်းသည် ဒမ်စတက်အသင်းနှင့် ဘိုင်ယန်မြူးနစ် အသင်းတို့ ကစားသည့်ပွဲစဉ်၌  ပွဲချိန်  မိနစ် ၈၀ တွင် ဂိုးတိုင်နှင့်ထိမိပြီး ခြေထောက်ဒဏ်ရာ ရရှိခဲ့သည့်အတွက်   လူစားလဲ ထွက်ခွာခဲ့ရကာ   ဒဏ်ရာ အခြေအနေနှင့် ပတ်သက်ပြီး ဘိုင်ယန်မြူးနစ်အသင်း က ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။