လက်နက်ကိုင်ပဋိပက္ခကြောင့် ဂါဇာကမ်းမြောင် ဒေသအတွင်း သေဆုံးသူ ဦးရေမှာ ၃၁၆၄၅ ဦးအထိမြင့်တက် 

 

လက်နက်ကိုင်ပဋိပက္ခကြောင့် ဂါဇာကမ်းမြောင် ဒေသအတွင်း သေဆုံးသူ ဦးရေမှာ ၃၁၆၄၅ ဦးအထိမြင့်တက် 

 

    အစ္စရေးနှင့် ပါလက်စတိုင်းတို့ကြား ဆက်လက်ဖြစ်ပွားသည့် လက်နက်ကိုင်ပဋိပက္ခကြောင့် ဂါဇာကမ်းမြောင်ဒေသအတွင်း သေဆုံးသူ အရေအတွက်မှာ ၃၁၆၄၅ ဦး အထိမြင့်တက်လာကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက မတ်လ ၁၇ ရက်တွင်ထုတ်ပြန်သည်။

အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ၂၄ နာရီအတွင်းမှာပင် ပါလက်စတိုင်းပြည်သူ ၉၂ ဦးသေဆုံးပြီး ၁၃၀ ခန့် ဒဏ်ရာရရှိခဲ့ခြင်းကြောင့်   စုစုပေါင်း သေဆုံးသူ ဦးရေမှာ ၃၁၆၄၅ ဦးအထိမြင့်တက်လာပြီး ဒဏ်ရာရရှိသူ အရေအတွက်မှာလည်း ၇၃၆၇၆ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဝန်ကြီးဌာနက ဆက်လက်ဖော်ပြ သည်။

ထို့ပြင် အချို့ ပါလက်စတိုင်းပြည်သူများမှာ အစ္စရေး စစ်ဘက်၏   တိုက်ခိုက်မှုကြောင့် အပျက်အစီးများ အတွင်း ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။