၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့အဖြစ် လူမှုရေးသိပ္ပံဘာသာရပ်ကို ဆက်လက်ဖြေဆို

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့အဖြစ် လူမှုရေးသိပ္ပံဘာသာရပ်ကို ဆက်လက်ဖြေဆို

 

နေပြည်တော်၊ ၂၀၂၄ မတ် - ၁၈

      ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်တွင် စတင်ကျင်းပလျက်ရှိရာ ယနေ့ သတ္တမနေ့အဖြစ် လူမှုရေးသိပ္ပံဘာသာရပ် ဖြေဆိုရန်  မန္တလေးတိုင်းဒေသကြီး စာစစ်ဌာနတွင် ၁ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး စာစစ်ဌာနတွင် ၁ ဦး၊ စုစုပေါင်း ၂ ဦးရှိသည့်အနက်  ၁ ဦးသာ လာရောက်ဖြေဆိုခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရှိရသည်။

      ထိုသို့ ကျောင်းသား၊ ကျောင်းသူများ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများကို ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန် ရှိသူများက သွားရောက် ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။