၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်သစ်) သတ္တမနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူမှုရေးသိပ္ပံ ဘာသာရပ်ဖြေဆိုရန် စာရင်းပေးသွင်းသူ နှစ်ဦးရှိပြီး တစ်ဦး လာရောက်ဖြေဆို

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်သစ်) သတ္တမနေ့တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူမှုရေးသိပ္ပံ ဘာသာရပ်ဖြေဆိုရန် စာရင်းပေးသွင်းသူ နှစ်ဦးရှိပြီး တစ်ဦး လာရောက်ဖြေဆို

 

နေပြည်တော်  မတ်  ၁၈

     ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (စနစ်သစ်) သတ္တမနေ့ကို ယနေ့နံနက်ပိုင်းတွင် ဆက်လက်ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူမှုရေး သိပ္ပံဘာသာရပ်ဖြေဆိုရန် စာရင်းပေးသွင်းထားသူ နှစ်ဦးရှိပြီး တစ်ဦး လာရောက်ဖြေဆိုသည်။

    လူမှုရေးဘာသာရပ် ဖြေဆိုရန် မန္တလေးတိုင်း ဒေသကြီးမှ အမျိုးသားတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦး စာရင်းပေးသွင်းခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးမှ အမျိုးသမီးတစ်ဦး လာရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။