အာဆီယံဒေသတွင်း ကလေးများအား အန္တရာယ်ဖြစ်သော အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခြင်းများမှ ကာကွယ်ရန် အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

 

အာဆီယံဒေသတွင်း ကလေးများအား အန္တရာယ်ဖြစ်သော အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခြင်းများမှ ကာကွယ်ရန် အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ

 

နေပြည်တော်  မတ်  ၁၈

    အာဟာရချို့တဲ့မှုများ  ပပျောက်ရေး အာဆီယံခေါင်းဆောင်များ ကြေညာချက်အား အကောင်အထည်ဖော်ရန် အတွက် ပြုစုရေးဆွဲထားသည့် အာဆီယံဒေသတွင်း ကလေးများအား အန္တရာယ်ဖြစ်သော အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခြင်းများမှ ကာကွယ်ရန် အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ မိတ်ဆက်ခြင်း အခမ်းအနားကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ Virtual စနစ်ဖြင့်ကျင်းပရာ  ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း Video Message ပေးပို့၍ အမှာစကား ပြောကြားသည်။

အခမ်းအနားတွင် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးက Video Message ဖြင့် အဖွင့်အမှာစကား ပြောကြားပြီး UNICEF အဖွဲ့ EAPRO Regional Director က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။ ဆက်လက်၍ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကျန်းမာရေး ဝန်ကြီးများက Video Messageဖြင့် အမှာစကား ပြောကြားကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက Video Message ဖြင့်အမှာစကား ပြောကြားရာတွင် အာဟာရပိုင်းဆိုင်ရာ အာဆီယံမဟာဗျူဟာ မူဘောင်နှင့် ဆောင်ရွက်မှု အစီအစဉ်တွင် နောင်လာမည့်လမ်းညွှန်ချက်များနှင့် စံချိန်စံညွှန်းများ  ထုတ်ပြန်နိုင်ရေး မျှော်လင့်ကြောင်းနှင့် အာဆီယံဒေသတွင်း အာဟာရချို့တဲ့မှုများ ပပျောက်ရေး အာဟာရပိုင်းဆိုင်ရာ   အခြားသော သက်ဆိုင်သည့် သူများနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဘာသာရပ်ဆိုင်ရာ ပညာရှင်များက အာဆီယံဒေသတွင်း ကလေးများအား အန္တရာယ်ဖြစ်သော အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခြင်းများမှ ကာကွယ်ရန် အခြေခံစံနှုန်းများနှင့် လမ်းညွှန်ချက်များ အသုံးပြုနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေး ပြောကြားကြသည်။

အဆိုပါအခမ်းအနားသို့ အာဟာရပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊   ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ UNICEFအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။