၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်း ဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆက်လက် ကျင်းပ

 

 

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်း ဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆက်လက် ကျင်းပ

 

နေပြည်တော်  မတ်  ၁၈

   မျိုးဆက်သစ်ဘောလုံး အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့်   ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ်ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီတွင်   နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့်(၃)တို့တွင် ကျင်းပသည်။

ယနေ့အမျိုးသားဘောလုံး   အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လေ့ကျင့်ရေးကွင်းအမှတ် (၁)တွင် မကွေးတိုင်းဒေသကြီး အသင်းနှင့်    တနင်္သာရီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မကွေးတိုင်း ဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီး အသင်းကို ၄ ဂိုး ၂ ဂိုးဖြင့် လည်းကောင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၃)တွင် မွန်ပြည် နယ်အသင်းနှင့်  ရှမ်းပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဂိုးမရှိသရေဖြင့် လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ   လာရောက်ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၄ ခုနှစ်    မတ်လ ၁၉ ရက် (ယနေ့)ညနေ ၃ နာရီတွင် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်အဖြစ် လေ့ကျင့်ရေးကွင်းအမှတ် (၁)တွင် ရခိုင်ပြည်နယ်အသင်းနှင့် မန္တလေး တိုင်းဒေသကြီးအသင်း၊ လေ့ကျင့်ရေးကွင်း အမှတ်(၃)တွင် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်၍ အားကစား ဝါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။