င်းမြို့တော်တွင် ယခုနှစ်အစပိုင်းမှစ၍ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု သုံးဆမြင့်တက်

 

ဟနွိုင်းမြို့တော်တွင် ယခုနှစ်အစပိုင်းမှစ၍ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု သုံးဆမြင့်တက်

 

    ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းတွင် ယခုနှစ်အစပိုင်းမှစ၍ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူဦးရေမှာ ၅၁၃ ဦးရှိသောကြောင့် ပြီးခဲ့သည့်နှစ်က ဖြစ်ပွားမှုနှုန်းနှင့် နှိုင်းယှဉ် ပါက သုံးဆမြင့်တက်လာကြောင်း ရောဂါ ထိန်းချုပ်ရေး စင်တာ၏ ပြောကြားချက်ကို ကိုးကား၍  ဒေသတွင်း မီဒီယာတစ်ခုက မတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။

ဟနွိုင်းမြို့တော်တွင် မကြာမီရက်သတ္တ ပတ်များအတွင်း ရောဂါဖြစ်ပွားမှုနှုန်းမှာ တစ်ပတ်လျှင် ၁၇ မှုနှင့် ၂၄ မှုကြားဖြစ်ပွားခဲ့ ကြောင်း ဗီယက်နမ် သတင်းဌာနက ဖော်ပြ သည်။ မြို့တော်ရှိဒေသများ အနက် ဒုန်းဒါ၊ ဟာဒုန်၊ ဟုန်ဟိုင်၊ ဟိုင်ဘာထရမ်၊ ဘတ်တူ လီယမ်၊ ချူအုန်မိုင်နှင့် သန်းရှုအန်ခရိုင်တို့တွင် ရောဂါအများဆုံး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဟနွိုင်းမြို့တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က လည်း သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၃၆၇၉၅ ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် ရောဂါဖြစ်ပွားသူ ၁၇၂၀၀၀ ဦးအနက် ၄၃ ဦးသေဆုံးခဲ့ ကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန် ထားသည်။