ဘိုင်ယန်မြူးနစ်အသင်းနှင့် အင်္ဂလန်အသင်း တိုက်စစ်မှူးဟယ်ရီကိန်း ခြေချင်းဝတ်ဒဏ်ရာ ရရှိထားသော်လည်း  အင်္ဂလန်အသင်းနှင့် ပူးပေါင်းမည်

 

ဘိုင်ယန်မြူးနစ်အသင်းနှင့် အင်္ဂလန်အသင်း တိုက်စစ်မှူးဟယ်ရီကိန်း ခြေချင်းဝတ်ဒဏ်ရာ ရရှိထားသော်လည်း  အင်္ဂလန်အသင်းနှင့် ပူးပေါင်းမည်

 

    ဘိုင်ယန်မြူးနစ်အသင်းနှင့်   အင်္ဂလန်အသင်း တိုက်စစ်မှူး  ဟယ်ရီကိန်းသည် ခြေချင်းဝတ်ဒဏ်ရာရရှိထားသော်လည်း    နိုင်ငံတကာပွဲစဉ်များ ကစားမည့် အင်္ဂလန်အသင်းနှင့်    ပူးပေါင်းမည်ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ် အသင်းက   အတည်ပြုကြေညာခဲ့သည်။

ဟယ်ရီကိန်းသည် ယခုဘောလုံးရာသီတွင် စပါးအသင်းမှ ဘိုင်ယန်မြူးနစ်အသင်းသို့ ပြောင်းရွှေ့ကစား ပြီးနောက် အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့ကာ စံချိန်မှတ်တမ်းကောင်းများစွာ ရရှိခဲ့သော်လည်း ဘိုင်ယန်မြူးနစ်အသင်းက ဒမ်စတက်အသင်းကို ၅ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိသည့် ပွဲစဉ်တွင် ပွဲချိန် မိနစ်  ၈၀  ၌   ဂိုးတိုင်နှင့်ထိမိခဲ့ကာ   ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ပြီး  ဘိုင်ယန်မြူးနစ်အသင်းက ဒဏ်ရာရရှိကြောင်း အတည်ပြု ထုတ်ပြန်ခဲ့သော်လည်း မည်သည့်အချိန်ထိ အနားယူရမည်ကို မထုတ်ပြန်သေး ခြင်းဖြစ်သည်။

သို့သော် ဘိုင်ယန်မြူးနစ်အသင်း အနေဖြင့် နိုင်ငံတကာ ခြေစမ်းပွဲစဉ်များ ကစားမည့် အင်္ဂလန်အသင်းထံ ဟယ်ရီကိန်းအနေဖြင့် သွားရောက် ပူးပေါင်းမည်ဖြစ်ကာ ပူးပေါင်းစဉ်ကာလအတွင်း ဆေးကုသမှုများ ပြုလုပ်မည်ဖြစ်ပြီး အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကလည်း ဟယ်ရီကိန်းကို ကြံ့ခိုင်မှုမပြည့်ဝလျှင် အသုံးပြုမည်မဟုတ်ဘဲ အသင်းနှင့်ပူးပေါင်းကာ ဆေးကုသမှု ခံယူစေမည်ဟု   ထုတ်ပြန်ကြေညာခဲ့ကြောင်း  သိရသည်။