(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်ဆေးတပ်ရင်း၌ စုပေါင်းသွေးလှူဒါန်း

(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်ဆေးတပ်ရင်း၌ စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ ၂၀၂၄ မတ် ၁၉

         ၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံ တပ်မတော်ဆေးတပ်ရင်း၌  ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ မန္တလေးတိုင်းဒေသကြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မန္တလေးမြို့ပေါ်မှ ရဟန်းသံဃာများနှင့် ပြည်သူများက စုပေါင်းသွေးလှူဒါန်းကြသည်။

         ထိုသို့ စုပေါင်းသွေးလှူဒါန်းနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများနှင့် အားဆေးများ ထောက်ပံ့ပေးအပ်သည်။ ထို့နောက် သွေးအလှူရှင်များမှ လှူဒါန်းသော သွေးပုလင်းများအား တိုင်းမှူးက  မန္တလေးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးထံသို့ ပေးအပ်လှူဒါန်းသည်။

         အလားတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ်များတွင်လည်း စုပေါင်းသွေးလှူဒါန်းပွဲများ ပြုလုပ်ခဲ့ကြပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် တပ်နယ်များမှ စုစုပေါင်း သွေးပုလင်း ၄၂၄ ပုလင်း လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။