နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိရာမှ တပ်ရင်းဌာနချုပ်ရှိ မိသားစုဝင်များရှိရာသို့ ပြန်လည်စုဖွဲ့ လေ့ကျင့်လျက်ရှိသော တပ်မတော်သားများ စိတ်ပျော်ရွှင် ကြည်နူးချမ်းမြေ့စေရန်အတွက် ဂုဏ်ပြုဖျော်ဖြေပွဲ ကျင်းပပြုလုပ်

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိရာမှ တပ်ရင်းဌာနချုပ်ရှိ မိသားစုဝင်များရှိရာသို့ ပြန်လည်စုဖွဲ့ လေ့ကျင့်လျက်ရှိသော တပ်မတော်သားများ စိတ်ပျော်ရွှင် ကြည်နူးချမ်းမြေ့စေရန်အတွက် ဂုဏ်ပြုဖျော်ဖြေပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၄ မတ် - ၁၉

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တိုင်းရင်းသားပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက်အိုးအိမ် စည်းစိမ်ဥစ္စာ လုံခြုံမှုရှိစေရေးအတွက် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေး တာဝန်များကို မိဝေးဖဝေး၊ မိသားစုများနှင့် ဝေးကွာ၍ နေ့မအား ညမနား စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်လျက်ရှိရာမှ တပ်ရင်းဌာနချုပ်ရှိ မိသားစုဝင်များ ရှိရာသို့ ပြန်လည်စုဖွဲ့လေ့ကျင့်လျက်ရှိသော တပ်မတော်သားများ စိတ်ပျော်ရွှင် ကြည်နူးချမ်းမြေ့စေရန်အတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ နယ်လှည့်ပြည်သူ့ဆက်ဆံရေးအဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရှေ့တန်းစခန်းများနှင့် နယ်မြေခံ တပ်ရင်းဌာနချုပ်များသို့ အလှည့်ကျသွားရောက်၍ ကိုယ်ချင်းစာစိတ် အပြည့်အဝဖြင့် ဂုဏ်ပြုဖျော်ဖြေလျက်ရှိသည်။

ထိုသို့ သွားရောက်ဂုဏ်ပြုသီဆိုကပြ ဖျော်ဖြေလျက်ရှိရာယနေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ ကလိန်အောင်မြို့ရှိ တပ်နယ်ခန်းမ၌ နယ်လှည့်ပြည်သူ့ဆက်ဆံရေး အဖွဲ့များမှ အရာရှိ၊ စစ်သည်၊ စစ်သမီးများက စစ်ချီတေး၊ စစ်သည် တေးသီချင်းများ၊ ခေတ်ပေါ်နှင့် ခေတ်ဟောင်းတေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ အောင်ပွဲရ ရှေ့တန်းပြန်တပ်မတော်သားများနှင့် မိသားစုဝင်များက စိတ်လက် ပျော်ရွှင်ကြည်နူး ချမ်းမြေ့စွာဖြင့် ကြည့်ရှုအားပေး၍ လွတ်လပ်ပေါ့ပါးစွာဖြင့် အတူတကွ ပါဝင် သီဆိုကြသည်။ ထိုကဲ့သို့ လာရောက်သီဆိုဖျော်ဖြေပေးကြသည့် အဖွဲ့သူ၊ အဖွဲ့သားများကို နယ်မြေခံတပ်မှ တာဝန်ရှိသူများနှင့် မိသားစုဝင်များက ဒေသထွက် လက်ဆောင်ပစ္စည်းများ ပေးအပ်ကြပြီး ဒေသထွက် အစားအစာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။