ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ရွှေဂူကြီးဘုရား အဝင်လမ်းမှ ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလား ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

 

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ရွှေဂူကြီးဘုရား အဝင်လမ်းမှ ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလား ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

 

နေပြည်တော်   မတ်   ၁၉

    နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ၁၃၈ ဒသမ ၃၈၀ သန်းဖြင့် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ် ပြင်ရွာတိုက်နယ်ရှိ ရွှေဂူကြီးဘုရား အဝင်လမ်းနေရာမှ ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလား ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းမှာ   ယနေ့တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်သည်။

အဆိုပါလမ်းပိုင်းသည် ပြင်ရွာတိုက်နယ်နှင့် လပွတ်ကုလားကျေးရွာချင်းဆက် ကွန်ကရစ် လမ်း ၂ မိုင် ၄ ဖာလုံနှင့် ဆက်သွယ်သည့် လမ်းဖြစ်ပြီး လမ်းကြောင်း တစ်လျှောက်၌ ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ် ဘုရားများ၊ စေတီပုထိုးများနှင့် သာသနိကအဆောက်အဦများ တည်ရှိကာ   ဒေသအတွင်း ခရီးသွားလုပ်ငန်းအတွက် များစွာ အထောက်အကူပြု၍ ပတ်ဝန်းကျင်ကျေးရွာ များမှ လူဦးရေ ၁၃၆၅၀ ဦးတို့၏ အခြေခံလူမှု စီးပွားဘဝများ တိုးတက်လာမည့်အပြင်  ဒေသထွက်ကုန်များကိုလည်း   ကုန်စည်စီးဆင်းမှု လျင်မြန်စွာပို့ဆောင် ရောင်းဝယ်နိုင်ကြပြီဖြစ်သဖြင့် များစွာဝမ်းမြောက် ပျော်ရွှင်လျက် ရှိကြောင်း သိရသည်။