မွန်ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တွေ့ဆုံ

 

 

မွန်ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာန ဝန်ထမ်းများနှင့် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး တွေ့ဆုံ

 

နေပြည်တော်  မတ်  ၁၉

    ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့ နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ဘိုကုန်းရပ်ရှိ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန မော်လမြိုင်ရုံးသို့သွား ရောက်ကာ     ရုံး အဆောက်အအုံအသစ် တည်ဆောက်မည့် မြေနေရာကို    လှည့်လည်ကြည့်ရှုပြီး မော်လမြိုင်ရုံးတွင် တာဝန်ထမ်းဆောင်နေကြသော အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ထမ်းများ အနေဖြင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင်  ဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ရည်ရွယ်ချက်များ၊ မူဝါဒများ၊ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊   မွန်ပြည်နယ်အတွင်းရှိ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ဆောင်ရွက်ကြရာတွင် ဒေသခံ ပြည်သူများ၏   လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းနှင့်ဆက်စပ်သော   လုပ်ငန်းများအားလုံးဖွံ့ဖြိုး တိုးတက်လာစေရေး အတွက် ရည်မှန်းချက်ထား ကြိုးစားဆောင်ရွက် ကြရမည်ဖြစ်ကြောင်း။

မွန်ပြည်နယ်အတွင်းရှိ ခရီးစဉ်ဒေသများ သန့်ရှင်းသာယာ လှပရေးနှင့် ယင်းဒေသများသို့ ခရီးသွားဧည့်သည်များ ပိုမိုတိုးတက် ဝင်ရောက်လာရေးအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတွင် ဝန်ထမ်းများ၏ အခန်းကဏ္ဍမှာ အရေးကြီးသဖြင့် လုပ်ငန်းနှင့် ဆက်စပ်သော ဗဟုသုတများ ကြွယ်ဝနေစေရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူနေကြရန်   လိုအပ်ကြောင်း မှာကြားပြီး ဝန်ထမ်းများ၏   တင်ပြချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။