Naypyitaw State Academy ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းများ၏ ပထမနှစ်ဝက် စာမေးပွဲတွင် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကြည့်ရှုအားပေး

 

Naypyitaw State Academy ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းများ၏ ပထမနှစ်ဝက် စာမေးပွဲတွင် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုအား ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ကြည့်ရှုအားပေး

 

နေပြည်တော် မတ် ၁၉

    ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ  ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy  သို့ရောက်ရှိပြီး ကျောင်းအတွင်း ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်နေမှုနှင့် တည်ဆောက်နေဆဲ စာသင်ဆောင်များကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် Naypyitaw State Academy ၏ စာဖြေခန်းများသို့ သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်၊ တတိယနှစ်၊စတုတ္ထနှစ်၊ ပထမနှစ် ဂုဏ်ထူးတန်းနှင့် ဒုတိယနှစ်ဂုဏ်ထူးတန်း သင်တန်းများ၏ ပထမနှစ်ဝက် စာမေးပွဲတွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို   လှည့်လည်ကြည့်ရှု အားပေးသည်။

ထိုသို့ကြည့်ရှုအားပေးရာတွင်   ပြည်ထောင်စုဝန်ကြီးက စာမေးပွဲခန်း တာဝန်ကျ ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကို   စာမေးပွဲဖြေဆိုကြသည့် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာသင်နှစ်တစ်နှစ် အောင်မြင် စွာပြီးဆုံးရေးသည် အလွန်အရေးကြီးကြောင်း၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ စာမေးပွဲ လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးတို့အတွက် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊  စာမေးပွဲဖြေဆိုစဉ် မကျန်းမမာဖြစ်ပါက ကျန်းမာရေး ဝန်ကြီးဌာနမှ စေလွှတ်ထားသော ဆေးကုသရေးအဖွဲ့က ကူညီစောင့်ရှောက်ပေးမည် ဖြစ်ကြောင်း၊ စာမေးပွဲ စည်းမျဉ်းစည်းကမ်းများ

နှင့်အညီ   အောင်မြင်စွာ ကျင်းပနိုင်ရေး အလေးထား ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း မှာကြားကာ    ကျောင်းတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။