၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသား) ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် ဘောလုံး(အမျိုးသား) ပြိုင်ပွဲ ဆက်လက်ကျင်းပ

 

နေပြည်တော် မတ်  ၁၉

    မျိုးဆက်သစ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရန်နှင့်  ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မား လာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက်  ဘောလုံး(အမျိုးသား)ပြိုင်ပွဲကို ယနေ့ညနေ ၃ နာရီခွဲတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ်(၁)နှင့်(၃)တို့တွင် ကျင်းပခဲ့သည်။

ယနေ့ဘောလုံး (အမျိုးသား)   အုပ်စုပတ်လည်ပြိုင်ပွဲ ပွဲစဉ်များအဖြစ် လေ့ကျင့်ရေး ကွင်းအမှတ်(၁)တွင်   ရခိုင်ပြည်နယ်အသင်းနှင့် မန္တလေးတိုင်း ဒေသကြီးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မန္တလေးတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို ၂ ဂိုး၁ ဂိုးဖြင့် လည်းကောင်း၊ လေ့ကျင့်ရေးကွင်း အမှတ် (၃)တွင် စစ်ကိုင်းတိုင်း ဒေသကြီးအသင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့်လည်းကောင်း အသီးသီး ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲသို့ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ အားကစားနှင့်   ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်တာ ဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားဝါသနာရှင်များ လာရောက်ကြည့်ရှု အားပေးခဲ့သည်။

 ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက် (ယနေ့)မွန်းလွဲ ၃ နာရီခွဲတွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် ဘောလုံး (အမျိုးသား)ပြိုင်ပွဲ အုပ်စုပတ်လည် ပွဲစဉ်အဖြစ် လေ့ကျင့်ရေး ကွင်းအမှတ်(၁)တွင် မကွေးတိုင်းဒေသကြီး အသင်းနှင့်  ကချင်ပြည်နယ်အသင်း၊ လေ့ကျင့်ရေး ကွင်းအမှတ်(၃)တွင် မွန်ပြည်နယ်အသင်းနှင့် ပဲခူးတိုင်းဒေသကြီး အသင်းတို့ ဆက်လက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်၍ အားကစားဝါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့လာရောက် ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။