(၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး စက်ဘီးပြိုင်ပွဲ ကျင်းပမည်

 

 (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး စက်ဘီးပြိုင်ပွဲ ကျင်းပမည်

 

ရန်ကုန်  မတ်  ၁၉

    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးပြုလုပ်မည့်     (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သုဝဏ္ဏစက်ဘီး လေ့ကျင့်ရေးကွင်း ပြေးလမ်းအသစ်ဖွင့်ပွဲနှင့် အမျိုးသား၊  အမျိုးသမီးစက်ဘီး ပြိုင်ပွဲကို မတ်လ ၂၅ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ သုဝဏ္ဏစက်ဘီး လေ့ကျင့်ရေးကွင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စက်ဘီးပြိုင်ပွဲတွင် အမျိုးသမီး နောက်ကျန်ထွက် အုပ်စုတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားနောက်ကျန်ထွက် အုပ်စုတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားမီတာ ၈၀၀ အုပ်စုတစ်ဦးချင်းပြိုင်ပွဲ၊ အမျိုးသားမီတာ ၄၀၀၀ အသင်းလိုက်ပြိုင်ပွဲများ  ထည့်သွင်းကျင်းပမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် အသင်းလိုက်ပြိုင်ပွဲအတွက် အနည်းဆုံး ကစားသမားသုံးဦးနှင့် အများဆုံးလေးဦးထိ စာရင်းပေးသွင်းနိုင်ကြောင်း၊ ပြိုင်ပွဲဝင်ဦးရေ သတ်မှတ်ထားခြင်းကြောင့် မတ်လ ၂၀ ရက်  ညနေ ၄ နာရီထိ ဖုန်း-၀၉-၂၅၀၃၆၀၆၆၇၊ ၀၉-၄၄၅၅၉၅၈၅၆၊ ၀၉-၄၂၂၅၂၉၉၉၈ တို့သို့ စာရင်းပေးသွင်းနိုင်ကြောင်းနှင့် ဆုကြေးအဖြစ် အုပ်စုတစ်ဦးချင်းပြိုင်ပွဲတွင် ပထမဆုငွေကျပ်တစ်သိန်း၊ ဒုတိယဆုခုနစ်သောင်း၊ တတိယဆုငါးသောင်း၊ အသင်းလိုက်ပြိုင်ပွဲအတွက် ပထမဆုငွေကျပ်သုံးသိန်း၊ ဒုတိယဆုနှစ်သိန်းနှင့် တတိယဆု တစ်သိန်းချီးမြှင့်မည်ဖြစ်ကြောင်း   မြန်မာနိုင်ငံ စက်ဘီးအဖွဲ့ချုပ်မှ သိရသည်။