ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က အမြတ်ငွေနှင့် ကြွေးမြီစည်းမျဉ်း ချိုးဖောက်မှုကြောင့် နော်တင်ဟမ်အသင်းကို ရမှတ်လေးမှတ်လျှော့ ပြစ်ဒဏ်ချမှတ်

 

ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က အမြတ်ငွေနှင့် ကြွေးမြီစည်းမျဉ်း ချိုးဖောက်မှုကြောင့် နော်တင်ဟမ်အသင်းကို ရမှတ်လေးမှတ်လျှော့ ပြစ်ဒဏ်ချမှတ်

 

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်က နော်တင်ဟမ် အသင်းကို ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် ရမှတ်လေးမှတ်လျှော့ပြစ်ဒဏ်   ချမှတ်လိုက်ကြောင်း အတည်ပြု ကြေညာခဲ့သည်။

နော်တင်ဟမ်အသင်းသည် ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီတွင် ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ချမှတ်ထားသည့် အမြတ်ငွေနှင့် ကြွေးမြီစည်းမျဉ်း (Profit and Sustainability Rule)  ချိုးဖောက်ခဲ့သည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စွဲချက်တင် စစ်ဆေးခြင်းခံခဲ့ရပြီး ယခုအခါ ပြစ်မှုထင်ရှားသည့်အတွက် ရမှတ် လေးမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ကလပ်အသင်းများ၏ ငွေကြေးသုံးစွဲမှုများကို ကန့်သတ်နိုင်ရန် အမြတ်ငွေနှင့် ကြွေးမြီစည်းမျဉ်း Profit and Sustainability Rule) ထုတ်ပြန်ကာ ထိန်းချုပ်ခဲ့ခြင်းဖြစ်ပြီး နောက်ဆုံး သုံးရာသီအတွင်း စတာလင်ပေါင် ၁၀၅ သန်းထက်ပို ၍ အရှုံးပေါ်ခဲ့ပါက အမြတ်ငွေနှင့်ကြွေးမြီစည်းမျဉ်း (Profit and Sustainability Rule) နှင့် ငြိစွန်းသည်ဟု သတ်မှတ်ထားသည့်အတွက် နော်တင်ဟမ် အသင်းသည်  စတာလင်ပေါင်  ၁၀၅  သန်းထက်ပို၍ အရှုံးပေါ်ခဲ့သည့်အတွက် အမြတ်ငွေနှင့် ကြွေးမြီစည်းမျဉ်း (Profit and Sustainability Rule)  နှင့် ငြိစွန်းခဲ့သောကြောင့် ရမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံခဲ့ ရခြင်းဖြစ်သည်။

နော်တင်ဟမ်အသင်းသည် ၂၀၂၂ ခုနှစ်က အင်္ဂလန် ချန်ပီယံရှစ်ပြိုင်ပွဲမှ ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ တန်းတက်ခဲ့ပြီးနောက်  ၂၀၂၃  ခုနှစ်  နွေရာသီကစားသမား  အပြောင်းအရွှေ့ ကာလတွင် ကစားသမား အများအပြား ခေါ်ယူကာ  စံချိန်တင်ပြောင်းရွှေ့ကြေး အသုံးစရိတ်များ  အသုံးပြုခဲ့သည့်အတွက် အမြတ်ငွေနှင့် ကြွေးမြီ စည်းမျဉ်းနှင့် ငြိစွန်းခဲ့ခြင်းဖြစ်သည်။

နော်တင်ဟမ်အသင်းသည် ရမှတ်လေးမှတ်လျှော့ ပြစ်ဒဏ်အတွက် အယူခံဝင်မည်ဖြစ်ပြီး ဧပြီလ  ၁၅ ရက် တွင် အယူခံကို ဆုံးဖြတ်ချက် ချမှတ်မည်ဖြစ်ကြောင်း သိရသည်။